Chapter(27 - 4) - အတူတကွခရီးသွားခြင်း

Start from the beginning
                                    

ငါးပျံတွေကလိုအပ်လာရင်ကြီးထွားလာမှာဖြစ်သည်။ပုံမှန်ဆိုရင်သူတို့ကလက်သီးဆုပ်လောက်အရွယ်ငါးအသေးစားလေးအဖြစ်ရေလုံးထဲမှာသာရှိနေမှာဖြစ်သည်။ရောင်းချသူကရှာဖွေလိုက်ပြီးနောက်ပင်လယ်ပြာရောင်ငါးပျံတစ်ကောင်ရှိသည့်ရေလုံးလေးတစ်ခုကိုထုတ်ယူလာသည်။သူက 'ဟေး!' ဟုပြောလိုက်ပြီးနောက်ရေလုံးလေးကိုမြှောက်တင်လိုက်ပြီးအော်လိုက်သည်။

"ထွက်လာခဲ့!"

ငါးပျံကရေလုံးထဲကနေဖြတ်ကျော်ထွက်လာပြီးရုတ်တရတ်ဖောင်ကားကာကြီးမားလာသည်။အဲ့ဒါကရှန်ကျစ်ရှန်း၏ဘေးနားလောက်မှာဝဲပျံနေကာသူ့မျက်နှာပေါ်ကကြီးမားတဲ့မျက်လုံးဝိုင်းကြီးနှစ်ခုကတစ်ဖြေးဖြေးချင်းဆီလှည့်လာတာကြောင့်ကြည့်ရတာ.....ချစ်စရာကောင်းနေတယ်

ရှန်ကျစ်ရှန်းကသူ့ခေါင်းကိုထိကြည့်လိုက်သောအခါငါးပျံကရေပူပေါင်းအတွဲလိုက်လေးများအားသူ့ဆီထုတ်လိုက်ပြီးသူ့လက်ပေါ်မှာတင်ပေါက်သွားကြသည်။သူ့မျက်နှာရဲ့ဘေးနှစ်ဖက်မှရှည်လျားသောရေယက်များကတိတ်ဆိတ်စွာပင်ကွေးကွေးလေးဖြစ်သွားပြီးရှန်ကျစ်ရှန်းရဲ့လက်အားထိလိုက်ပြီးနောက်မှာရှက်ရွံ့ဟန်ဖြင့်နောက်ပြန်ဆုတ်သွားလေ၏။

ရှန်ကျစ်ရှန်းကပျော်ရွှင်စွာကြည့်နေပြီးနောက်သူ့အိတ်ထဲကဝိညာဉ်ကျောက်တုန်းများအားစမ်းလိုက်ကာရဲရဲရင့်ရင့်ကြေညာသည်။

"ဒါကိုဝယ်မယ်!"

သူဌေးဖြစ်သူမှာတော့ဒီနေ့ဆိုင်ဖွင့်ဖွင့်ခြင်းပဲကြီးမားတဲ့အရောင်းအဝယ်တစ်ခုကိုလုပ်လိုက်ရတာကြောင့်ရယ်မောနေမိခြင်းကိုမရပ်တန့်နိုင်တော့သလိုသူ့ပျော်ရွှင်မှုအားလည်းမဖုန်းကွယ်နိုင်တော့ပေ။တကယ်တော့လည်းငါးပျံတွေရဲ့ဈေးနှုန်းကမနည်းဘူးလေ!သူကထိုတည့်တိုးဆန်လှတဲ့ဖောက်သည်ကိုကြည့်ပြီးထပ်တလဲလဲပြောနေမိသည်။

"ကောင်းတယ်,ကောင်းတယ်,သဘောထားကြီးတဲ့ဖောက်သည်ကြီးရေ,ကျုပ်စောင်တစ်ထည်ပါအပိုထည့်ပေးလိုက်မယ်!ကောင်းကင်ကမြင့်တော့လေတိုက်လိမ့်မယ်...ဖောက်သည်ကြီးဘာတွေများလိုအပ်သေးလဲ?"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now