အပိုင်း - ( ၁၀ )

929 41 15
                                    

.....................................................
အပိုင်း - ( ၁၀ )

"​ဟေ့ ၊ အသား​တွေကင်​​နေကြပြီလား"

"ကင်​​နေပါတယ်​ဟာ။ ဒါနဲ့၊ ဘီယာ​တွေသွားဝယ်​ကြတာ မ​ရောက်​​သေးဘူး
လား"

"ဆန်းထူးတို့သွားကြတယ်​"

"၀ိုး..... စက္ကမိုက်​လှချည်​လား..."

စက္ကသူငယ်​ချင်းများသည်​ အသားကင်​သည့်​ မီးဖို​ဘေးမှာရပ်​ရင်း စကား
ပြော​နေကြသည်​ကို စက္ကမြင်​သည်​မို့ အဖွဲ့အနားသို့​လျှောက်​လှမ်းလာခဲ့သည်​။ သူငယ်​ချင်းတစ်​​ယောက်​မှ စက္ကလာ​နေသည်​ကို လှမ်းမြင်
သည်​နှင့်​ အံ့သြစွာ​ငေးကြည့်​ရင်း စက္က၏ အမိုက်​စား ၀တ်​စားဆင်​ယင်​မှု
ကြောင့်​ ချီးမွန်းသည်​နှင့်​ ကျန်​​နေသည့်​ သူငယ်​ချင်းများလည်း စက္ကကို
လှည့်​ကြည့်​ကြသည်​။ စက္ကမှာပြုံးပြရင်းလာ၏။

အနားသို့​ရောက်​သည်​နှင့်​....

"အဟား... နင်​တို့​တွေက​တော့ ​မြှောက်​​နေပြန်​ပြီ။ ငါက ပုံမှန်​ပါ​နော်​"

ပြောရင်း လက်​ထဲမှာကိုင်​ထားသည့်​ ၀ီစကီခွက်​ကို အနည်းငယ်​​မော့​သောက်​​နေချိန်​ သူငယ်​ချင်းမ​လေးမှာ စကားဝင်​​ပြော၏။

"မတူဘူး​နော်​။ ဒီ​နေ့ တို့သူငယ်​ချင်း နှစ်​​ယောက်​က ​ရေလည်​လန်း​နေတာ"

"ဟုတ်​ပါ့၊ ဟိုမှာကြည့်​လိုက်​ပါလား ။ ငါတို့ရဲ့ ဧကရီဘယ်​​လောက်​​ချောလဲ
ဆိုတာ။ နင်​ ပစ်​​ကြွေမယ်​ ဆိုရင်​လည်း လုံးဝ​ကြွေ​လောက်​စရာ..."

သူ့စကား​ကြောင့်​ စက္ကအ​နောက်​ကို လှည့်​ကြည့်​မိသည်​။ ဟုတ်​၏။ မှန်​၏။

ယုံကြည်​မှုရှိရှိနှင့်​ အပြုံးမပျက်​စွာ ​လျှောက်​လှမ်း​နေသည့်​ သူမ​ခြေလှမ်းတို့သည်​ အားမာန်​ပြည့်​​နေ၏။ ခပ်​မှန်​မှန်​ပြုံးပြထားသည့်​ အပြုံးထဲတွင်
သူမဆင်​မြန်းထားသည့်​ အနီ​ရောင်​ ဇာ​ဖောက်​၀တ်​စုံ​လေးနှင့်​ လွန်​စွာလိုက်
ဖက်​​နေသည်​။ ဆံပင်​ကို လွန်​စွာတွန့်​လိမ်​ထားခြင်းမဟုတ်​​သော်​လည်း ပုံစံ
တကျ သိမ်းဆည်းပြီး လည်​ပင်းတွင်​ အနီ​ရောင်​​ကျောက်​ဘရက်​​လေး​ကြောင့်​ သူမအလှဟာ ပို၍ပြီးပြည့်​စုံ​နေသည်​။ သုံးလက်​မခန့်​ရှည်​သည့်
ဒေါက်​မြင့်​ ဖိနပ်​ထဲတွင်​ သူမ၏ ဖြူ​ဖွေးလှသည့်​ ​ခြေလှမ်းတိုင်းက အဓိပ္ပါယ်​ရှိလွန်း​နေပြန်​၏။ ​ငေးကြည့်​​နေသည့်​ စက္ကမှာ လက်​ထဲကိုင်​ထား
သည့်​ ၀ီစကီအရက်​ထည့်​ထားသည့်​ဖန်​ခွက်​ထဲက အရက်​ကို တစ်​ငုံ​မော့
သောက်​ပြီး သူမအလှကို ​ငေး​မော​နေမိသည်​။

You've reached the end of published parts.

⏰ Last updated: Jul 28, 2021 ⏰

Add this story to your Library to get notified about new parts!

ဘုဘုဘောက်ဘောက်တို့နှစ်ယောက် - ( Ongoing )Where stories live. Discover now