အပိုင်း - ( ၂ )

725 81 25
                                    


ဘုဘုဘောက်ဘောက် တို့နှစ်ယောက်
......................................................
အပိုင်း - ( ၂ )

"ဟဲ့ နှင်းဝေတို့အုပ်စု...."

"ဘာတုန်း ကိုကြီးရွှေမြ...."

"ဟိုမှာ နင့်မကြီးဆီ သွားဝိုင်းကူလုပ်ပေးကြပါဦး ၊ တစ်ယောက်တည်းငရုပ်ထောင်းနေတာ ညည်းတို့မမြင်ကြဘူးလား..."

ကိုရွှေမြမှာ ဗူးသီးအခွဲနွှာနေသည့် နှင်းဝေတို့အုပ်စုကို လှမ်းပြောသည်မို့
ရှိသည့် ကာလသမီးပျိုတို့သည့် မကြီးဝိုင်းစိန် ရှိရာသို့ တစ်ချက်ကြည့်လိုက်ကြပြီး ကိုရွှေမြရှိရာသို့ ပြန်ကြည့်လျှက် စကားဆို၏။

"အမလေး... ကိုကြီးရွှေမြတို့ကတော့ အဖြစ်ကိုသည်းလွန်းပါရဲ့တော်...မိန်းမပင်ပန်းမှာတွေးပြီး စိတ်ပူနေလေရဲ့ ...စိတ်ချတော် မိကောက်တို့
ရှိပါလေရဲ့ ...."

မိကောက်မှာဗူးသီးအခွံနွာနေသည်ကို ရပ်လိုက်ပြီး မကြီးဝိုင်းစိန်ရှိနေ
သည့် နေရာသို့ ထွက်သွားလေလျှင် ဘေးနားမှာ ရှိနေသည့် နှင်းဝေသည်
လည်းလုပ်လုက်စအလုပ်ကို ဆက်လုပ်လေ၏။

"အခြေအနေ ဘယ်လိုရှိလဲ သူရိန်...."

"အခြေအနေကတော့ ထူးသလားမမေးနဲ့ စက္ကရာ... ငါဖြင့် တကယ်ကို မယုံကြည်နိုင်ဘူး..."

"ဟ ... မင်းစကားကလည်း အဆန်းကြီးပါလား ငါ့ကောင် ၊ ပြောစမ်းပါဦး"

နေသူရိန် ဖုန်းပြောနေရင်း ခပ်လှမ်းလှမ်းကနေ အဖွဲ့ဝိုင်းသို့ လှည့်ကြည့်
လိုက်သည်။ ပြီးလျှင် ဇာတ်မင်းသားသဖွယ် ဝတ်ဆင်ပြီး ရပ်ရွာမှ လူကြီး
များနှင့် အကြမ်းရည်သောက်သုံးရင်း စကားဖောင်ဖွဲ့နေသည့် လေးမောင်
ရှိရာ နေရာသို့ တစ်ချက်လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

"ဟဲ့ကောင်...ငနေ ပြောပါဦးဟ...."

"အေးအေး ...ပြောမယ်ဟ..."

တစ်ဖက်က စိတ်မရှည်သည့် အသံနှင့် လှမ်းအော်သည်မို့ နေသူရိန်မှာ အပြုံးမပျက် သေချာကို ဟန်ပြုကာ သူရစက္ကကို စကားဆိုလေသည်။

"မင်းရဲ့ မတော်ရသေးတဲ့ ညီတော် အကြောင်းတွေးမိသွားလို့ပါကွာ..."

ဘုဘုဘောက်ဘောက်တို့နှစ်ယောက် - ( Ongoing )Where stories live. Discover now