အပိုင်း - ( ၁ )

760 53 6
                                    


....................................................
အပိုင်း - ၁

"ဗျို့. ကို​ရွှေမြ ...ကြိုးစားလှချည်​လားဗျ...."

ကို​ရွှေမြ ကုန်းကုန်းကွကွစပါးရိတ်​​နေသည်​မှ မတ်​တတ်​ရပ်​လိုက်​သည်​။ ကို​ရွှေမြနှင့်
မနီးမ​ဝေးတွင်​ ကိုဖိုးတုတ်​ကိုမြင်​သည်​မို့ ကို​ရွှေမြ ပြုံးပြကာ ပြန်​​ဖြေ၏။

"​အေးဗျာ...ကြိုးစားတယ်​လို့လည်း ဘယ်​ဟုတ်​ပါ့မလဲ ကိုဖိုး​တုတ်​ရာ ...အချိန်​ရှိ
ခိုက်​ လုံ့လစိုက်​ဆိုတဲ့ စကားအတိုင်း အချိန်​​လေး​ကောင်း​နေတုန်း နည်းနည်းလုပ်​​နေ
တာဗျို့...."

"လုပ်​ပါဗျာ လုပ်​ပါ ... ဒါနဲ့ လယ်​​တောထဲ ကို​လေးတို့ လာတာ ကျုပ်​မြင်​ခဲ့တယ်
ဗျ...ကျုပ်​​တောင်​ စကား​ပြောခဲ့​သေးတယ်​..."

"​သြော်​...ကို​လေးက စပါးသိမ်းတာလာကြည့်​တာ​နေမယ်​..."

"ဟုတ်​တယ်​...ဟုတ်​တယ်​..."

"ဒါနဲ့ ကိုဖိုးတုတ်​ လယ်​​တွေ မရိတ်​သိမ်း​သေးဘူးလားဗျို့..."

"အင်​...ကျုပ်​လည်း မနက်​ဖြန်​​လောက်​ စသိမ်းမယ်​လို့ လုပ်​ထားတယ်​ရယ်​..."

"​ကောင်းသပဗျာ...စပါး​တွေကို မြန်​မြန်​သိမ်း ၊ မြန်​မြန်​​ကောက်​​ခြွေ ၊ ကျီထည့်​မှစိတ်
အေးရမှာ ကိုဖိုးတုတ်​ရ....​နွေရာသီ​လေး အချိန်​​ကောင်းတုန်း ကျုပ်​တို့အလုပ်​ပြီး​နေ
မှရယ်​...မဟုတ်​ရင်​ ကျုပ်​တို့ ဒုက္ခ​ရောက်​မှာဗျို့..."

"ဟုတ်​သပဗျာ ... ဟုတ်​သာပ..."

"​အေး​အေး ...ဒါဆို ​ကောက်​ရိတ်​ဖို့ကိစ္စ​သေချာပြင်​ဆင်​​တော့..."

"မနက်​ဖြန်​စမယ်​လို့ရယ်​ ကို​ရွှေမြရာ...​ကောက်​ရိတ်​​ဈေးကလည်း ကြီးသပဗျာ...
လယ်​တစ်​ဧကကို ငါး​သောင်းတဲ့ဗျို့..."

"ဒါလည်းဘယ်​​ပြောလို့ရပါ့မလဲဗျာ... ကုန်​​ဈေး​တွေကထိုးတက်​​နေ​တော့ ကျုပ်​တို့
လို မရှိဆင်းရဲတဲ့လူ​တွေအတွက်​ အခက်​​တွေ့​ရော​ပေါ့..."

"ဟုတ်​သပဗျာ... ဒီရွာမှာ ကို​လေးသာမရှိရင်​ဖြင့်​ ကျုပ်​တို့်ရွာလည်း ဒုက္ခပဲဗျို့. ..."

ဘုဘုဘောက်ဘောက်တို့နှစ်ယောက် - ( Ongoing )Tahanan ng mga kuwento. Tumuklas ngayon