အပိုင်း - ( ၈ )

272 24 9
                                    

.....................................................
အပိုင်း - ( ၈ )

ရေးမိုးချိုး ဖြီးလိမ်းပြင်​ဆင်​ပြီးပြီမို့ သူရိန်​သည်​ အိပ်​ကုတင်​အနားသို့​လျှောက်​လာခဲ့သည်​။ အိပ်​ကု​တင်​​ပေါ်မှာ ​ခွေလျှက်​အိပ်​စက်​​နေသည့်​ ​ဇော်​​ဇော့်​ကို မြင်​သည်​နှင့်​ သူရိန်​ သ​ဘောကျစွာပြုံး​လေသည်​။ ပြီးလျှင်​ ကုတင်
ပေါ်တက်​ကာ ​ဇော်​​ဇော့်​အနားသို့ ​ရောက်​သည်​နှင့်​...

"ညီ ... ညီညီ..."

"ဟင်​....."

သူရိန်​​ဇော်​သံ​ကြောင့်​ ခန္ဒာကိုယ်​ကို ခပ်​​ကွေး​ကွေးလုပ်​ကာ တစ်​ဖက်​လှည့်
ပြီး ပြန်​၍ အိပ်​​မောကျသွားဟန်​ရှိသည့်​ ​ဇော်​​ဇော်​​ကြောင့်​ သူရိန်​မှာ သူလည်း အိပ်​ယာထဲ ​လဲ​လျှောင်းလိုက်​ပြီး တစ်​ဖက်​လှည့်​ထားသည့်​ ​ဇော်​​ဇော့်​ကို အ​နောက်​က​နေ ဖက်​လိုက်​သည်​။ ပြီးလျှင်​ ​လေသံ​ဖျော့​တော့စွာ
နှင့်​ ​ဇော်​​ဇော်​၏ နားအနားသို့ တိုးကပ်​ကာ စကား​ပြော၏။

"ကိုကို သင်​​ပေးတာ နားလည်​သွားပြီလား"

"ဟင်​...."

အိမ်​မက်​လိုလို ဘာလိုလိုနှင့်​ နားထဲသို့ တိုးဝင်​လာသည့်​ အသံ​ကြောင့်​ ​ဇော်​​ဇော်​ အိပ်​​မောကျ​နေသည်​မှ မျက်​လုံးတစ်​စုံသည်​ ချက်​ချင်းဖွင့်​လှစ်​မိသည်​။

"​ဟေ​ဟေ"

အ​နားက​နေ ရယ်​သံခပ်​လွင်​လွင်​​ကြောင့်​ ​ဇော်​​ဇော်​မှာ လည်​တစ်​​စောင်းအ​နေအထားနှင့်​ အ​နောက်​သို့ လှည့်​ကြည့်​သည်​။ သူရိန်​မှာ ​ဇော်​​ဇော့်​ကို ကြည့်​ပြီး ပြုံးပြကာ စကားဆက်​၏။

"နားမလည်​​သေးရင်​ ကိုကိုထပ်​သင်​​ပေးရမလား"

"ဟင့်​အင်း ... ကိုကို ... မသင်​​ပေးနဲ့​တော့ ညီ  ညီ  တကယ်​နားလည်​ပြီ"

စကားကို ထစ်​​ငေါ့စွာနှင့်​ ငြင်းဆန်​လာသည့်​ ​ဇော်​​ဇော့်​စကား​ကြောင့်​ သူရိန်
အမှန်​ပင်​ သ​ဘောကျမိပြန်​၏။ ထို့​ကြောင့်​ တစ်​ဖက်​လှည့်​ထားသည့်​ ​ဇော်​​ဇော့်​ခန္ဒာကိုယ်​ကို ဆွဲလှည့်​လိုက်​လျှင်​ ​ဇော်​​ဇော်​သည်​ အလိုက်​သင့်​ သူရိန်
ရင်​ခွင်​ထဲသို့ ​ရောက်​ရှိ​နေပြီ ဖြစ်​သည်​။

ဘုဘုဘောက်ဘောက်တို့နှစ်ယောက် - ( Ongoing )Dove le storie prendono vita. Scoprilo ora