အပိုင်း - ( ၅ )

259 25 15
                                    

ဘုဘု​ဘောက်​​ဘောက်​တို့်နှစ်​​ယောက်
.....................................................
အပိုင်း - ( ၅ )

"​ခွေး သူ​တောင်းစား ! ထွက်​သွားအခု ။ အခုချက်​ချင်းထွက်​သွား "

စက္ကသည်​ ရပ်​​နေသည်​မှ ထိုင်​ချလိုက်​သည်​။ ပြီး​လျှင်​ ​သူ့၏ ဖွားဖက်​​တော်
အားလက်​နှစ်​ဖက်​နှင့်​ ဖုံးအုပ်​ထားကာ မျက်​နှာလည်း နီမြန်း​နေ၏။ ထိုအ
ခြင်းအရာကို မြင်​​နေသည့်​ ​လေး​မောင်​မှာ စက္ကဖြစ်​​နေသည်​ကို ​စေ့​စေ့ကြည့်​ပြီး တမင်​ပြုံးလိုက်​သည်​။ ပြီးလျှင်​ လုံးစုံပွင့်​​နေသည်​မဟုတ်​သည့်​ အခန်းတံခါးအား လုံးစုံဖွင့်​ချလိုက်​သည်​။

"​ဟေ့ ! မင်းဒါဘာလုပ်​တာလဲ "

စက္ကမှာ ရှက်​ရွံ့ခြင်းနှင့်​ လှမ်း​အော်​​လေသည်​။ ​လေး​မောင်​ပြုံးလိုက်​ပြီး ​ရှေ့
သို့လှမ်းလာကာ စကား​ပြောသည်​။

"ခံ​လေ ! ခံရတာ​တောင်​နည်း​သေးတယ်​ ။ အဟား ဖြစ်​ပျက်​​နေလိုက်​တာ
များ တကယ့်​ကို နှပ်​ချီးတွဲ​လောင်းကျ​နေတဲ့အတိုင်းပဲ ပိစိ​ညှောင့်​​တောင့်
လေး"

ဟင်​......!

လေး​မောင်​ စကား​ကြောင့်​ စက္ကမှာ ကိုယ့်​ကိုယ်​ကို ပြန်​ငုံ့ကြည့်​မိသည်​။ ပုံမှန်​ဆိုလျှင်​ စက္က၏ လက်​ဖ၀ါးနှစ်​ဖက်​နှင့်​ ဖုံးအုပ်​ထားခြင်း​ကြောင့်​ ​လေး​မောင်​ မမြင်​ရ။ သည်​အတိုင်း ရမ်းသပ်​​ပြောလိုက်​ပြီး တမင်​ စက္ကကို စ​နောက်​ချင်​ခြင်း​ကြောင့်​ ​ပြောလိုက်​ခြင်းဖြစ်​သည်​။

"​ခွေး​ကောင်​ ! မင်း​ရှေ့တိုးမလာနဲ့​နော်​ .... ငါ ငါ ငါ​အော်​လိုက်​မှာ​နော်​"

အမှန်​ပင်​ စက္က၏ မျက်​နှာမှာ ရှက်​ရွံ့​နေသလို ဖြူစွတ်​သည့်​ အသားအရည်
ကြောင့်​ သူ့မျက်​နှာသည်​ နီမြန်း​နေသည်​။ ​လေး​မောင်​မှာ စက္ကဟန့်​တား
လေ​လေ စက္ကအနားကို ပို၍ချဉ်းကပ်​လာ​လေ​လေဖြစ်​၏။

"လာတယ်​ ! လာရင်​​ကော ခင်​ဗျားဘာလုပ်​ချင်​လဲ "

"ဟဲ့ !"

ဒီတစ်​ခါ စက္ကသည်​ လက်​တစ်​ဖက်​နှင့်​ ဟန့်​တား​သည်​မို့ ​လေး​မောင်​မှာစက္က
ကို​ကြည့်​ပြီး မနီးမ​ဝေးတွင်​ရပ်​လိုက်​သည်​။

ဘုဘုဘောက်ဘောက်တို့နှစ်ယောက် - ( Ongoing )Où les histoires vivent. Découvrez maintenant