Chapter(27 - 1) - အတူတကွခရီးသွားခြင်း

Start from the beginning
                                    

သူကကောင်းမွန်ပြီးငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်မဟုတ်သလိုရန်ကျင်းကလည်းမာနထောင်လွှားပြီးအနိုင်ကျင့်တတ်တဲ့သူမျိုးမဟုတ်ဘူး,အဲ့ဒါဆိုဘာဖြစ်လို့သူတို့ခန္တာကိုယ်တွေကဒီလိုအနေအထားနဲ့ရှိနေရတာလဲ?!

သူကသူ့လက်ကောက်ဝတ်ကိုလှည့်ရင်းသူ့ကိုယ်သူလွတ်မြောက်ဖို့ကြိုးစားလေသည်။ဒီတစ်ခေါက်မှာတော့ရန်ကျင်းကသူ့ဆုပ်ကိုင်မှုကိုအနည်းငယ်ဖြေလျော့ပေးလိုက်ပေမယ့်လွတ်တော့မလွှတ်ပေးသေးပေ။ဒါပေမဲ့အနည်းဆုံးတော့သူ့တို့လက်ကိုအောက်ချလိုက်တာကြောင့်ရှန်ကျစ်ရှန်းရဲ့လက်ကတံခါးနဲ့ဖိကပ်မနေတော့ဘူး

ရှန်ကျစ်ရှန်းကလည်ချောင်းတစ်ချက်ရှင်းလိုက်သည်။ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက်ရှန်ကျစ်ရှန်းကသူ့ရဲ့ကြည်လင်ပြတ်သားပြီးအေးမြတဲ့အသံအားလတ်ဆတ်ပြီးရှင်းလင်းတဲ့အသံအဖြစ်တောင်ပြောင်းလဲထားတာဖြစ်သည်။

"မင်း..."

"ခင်ဗျား ..."

နှစ်ဖက်လုံးကတစ်ချိန်တည်းမှာစကားပြောလာသည်။ရှန်ကျစ်ရှန်းကရပ်တန့်သွားပြီးသူ့မေးကိုအနည်းငယ်ပင့်မြှောက်ကာတစ်ဖက်လူကိုအရင်ဆုံးစကားပြောဖို့ညွှန်ပြလိုက်သည်။

ရန်ကျင်းကလည်းမငြင်းဆန်ပေ။သူစကားပြောတဲ့အချိန်မှာတော့သူ့အသံကသုံးရက်လောက်ရေမသောက်ထားရသလိုမျိုးတင်းကြပ်ပြီးကြမ်းတမ်းနေသည်။နည်းနည်းချင်းဆီ,သူ့စကားလုံးတွေကအလွန်ရှင်းလင်းလာသည်။

"ခင်ဗျား....အဆုံးသတ်ကြတော့,ခင်ဗျားကဘယ်သူလဲ?"

"ဟန်?"

ရှန်ကျစ်ရှန်းကဗလာဖြစ်စွာကြည့်မိသွားပြီးနားမလည်နိုင်ဖြစ်သွားရသည်။

ရန်ကျင်းကသူ့ကိုမသိဘူးဆိုတာသူအာမခံရဲသွားလေပြီ။တကယ်တော့လည်းသူ့ပုံပန်းသွင်ပြင်၊နာမည်နဲ့အသံတွေအားလုံးကအရမ်းပြောင်းလဲသွားတာလေ..

အဲ့ဒါအပြင်,အကယ်၍ရန်ကျင်းကသူ့ကိုဆရာအဖြစ်သိနေတယ်ဆိုရင်သူသေချာပေါက်ဒီလိုပုံစံမျိုးနဲ့တုန့်ပြန်မှာမဟုတ်ဘူး

တုန့်ပြန်မှုကိုမကြားရသောအခါရန်ကျင်းကအနားကိုတိုးကပ်လာတာကြောင့်သူ့ရဲ့ပူပြင်းလှတဲ့ရင်အုပ်ကရှန်ကျစ်ရှန်းအားဖိကပ်လုနီးပါးပင်။သူ့အသက်ရှုရာမှထွက်လာတဲ့အပူကလည်းစကားပြောလိုက်တာနဲ့ရှန်ကျစ်ရှန်းရဲ့ပါးပြင်ကိုဖြတ်သန်းနေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now