🏔Chapter (2)🏔

Start from the beginning
                                    

ဒီနေ့ ကရနက်တစ်ယောက် အိပ်ရာမှစောစောနိုးနေ၏။အိပ်ရာနိုးသည်နှင့် ထမင်းဟင်းချက်ရန်နေရာပေးထားသော ဂူ၏အရှေ့ဘက် ကွင်းပြင်ကျယ်သို့ထွက်ကာ နေ့လည်စာဟင်းများကို ချက်ပြုတ်ကြော်လှော်နေမိသည်။ယခုမွန်းတည့်ချိန်ရောက်တော့မှ လုပ်ငန်းအကုန်ပြီးစီးသွားပြီမို့ ဂူထဲပြန်ဝင်၊အဝတ်အစားအသစ်များပြန်လဲကာ အမေ့ဆီထမင်းချိုင့်ပို့ရန် ဝါးချိုင့်လေးဆွဲပြီးထွက်လာခဲ့တော့သည်။အမေက ရွှေဒင်္ဂါးစက်ရုံမှာအလုပ်လုပ်တာမို့ ဂူ၏မြောက်ဘက်စွန်းစွန်း ရွှေဒင်္ဂါးရုံရှိရာ ခမမ်းချောင်းအနီးအနားသို့ ဦးတည်ပြီးထွက်လာမိသည်။

ဆယ်မိနစ်ခန့်ခြေကျင်လမ်းလျှောက်ပြီးနောက် ရွှေဒင်္ဂါးရုံနှင့် တဖြည်းဖြည်းနီးကပ်လာလေပြီ။ရာသီဥတုက ဒီနေ့မှအထူးတလည် သာယာနေတာမို့ အလုပ်လာဆင်းကြသူများ များပြားလှ၏။ကြည်လင်နေသောရေများတသွင်သွင်စီးဆင်းနေသော ခမမ်းချောင်းကြီးဟာ အရှည်ကြီးနှင့်အကျယ်ကြီးဖြစ်ရာ ထိုချောင်းအတွင်း အလုပ်လုပ်နေကြသောသူများက အများသား။

တိမ်ပြာပြာကောင်းကင်ကြီးအောက်တွင် ခမမ်းချောင်းထဲ၌ ဒယ်ပြားများ၊ဇကာများ၊တောင်းများအလီလီနှင့် ရွှေကျင်နေသူကကျင်၊ယာယီတဲများထိုးကာ ရွှေမှုန်များကို ကျောက်စရစ်သဲများကြားမှ ပြန်ရွေးထုတ်သူကရွေးထုတ်နှင့် အလုပ်ရှုပ်နေကြသည်။

ထိုမြင်ကွင်းများကိုဖြတ်ကျော်လာပြီးနောက်မှာ ယာယီတဲများ၏အဆုံး၌ သန့်စင်ထားသောရွှေမှုန်များကိုရွှေဒင်္ဂါးဖြစ်အောင်ပြုလုပ်ကြသည့် ရွှေဒင်္ဂါးရုံသို့ ကရနက်တစ်ယောက်ရောက်လာတော့သည်။

ရွှေဒင်္ဂါးရုံဟုသာဆိုတာပါ။အကြီးကြီးမဟုတ်ဘဲ မိုးလုံလေလုံ ယာယီဓနိတဲပုတ်လေးသာဖြစ်သည်။စောနကရွှေကျင်ထားရာမှ ရလာသော သန့်စင်ရွှေမှုန်များကို ဤနေရာတွင် အပြားသဏ္ဍာန်သော်လည်းကောင်း၊ အကြွေစေ့သဏ္ဍာန်သော်လည်းကောင်း ရွှေဒင်္ဂါးများကိုပုံစံမျိုးစုံ ပုံဖော်ဖန်တီးပြုလုပ်ကြသည့်နေရာ။
(သန့်စင်ရွှေမှုန်တွေကို ဒီလိုအပြားလုပ်တာပါ ခွက်ထဲထည့်ပြီး။အကွာကတော့ ရုပ်ရှင်တခုထဲကပုံယူလာတာ👇😁)

ခူ{Completed}Where stories live. Discover now