-royal camillia-
"ဦးလေးကင်မ်ကလဲလုပ်ပြီကွာ..
အဲ့တော့ မင်းဘာဆက်လုပ်မှာလဲ ထယ်ယောင်း""ဘာလုပ်ရမှာလဲ ဘူဆန်သွားဖို့ပြင်ရုံပေါ့"
"မဟုတ်သေးပါဘူးကွာ..."
"ထားလိုက်ပါတော့ ဘူဆန်မှာဆို
ပိုလွတ်လပ်တာပေါ့ ဦးလေးနှစ်ယောက်ကလဲ
ငါ့ကို ချစ်ရှာပါတယ်""မင်းသွားရင်ငါကဘယ်သူနဲ့ပေါင်းရတော့မှာလဲ
ငါဘယ်ကောင်နဲ့မှမျက်နှာကြောမတည့်တာ
သိတယ်မလား"လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာမုန်းတဲ့
ယွန်းဂီဟာ ထယ်ယောင်းမှလွဲ၍
တစ်ကျောင်းလုံးကို သိလဲမသိသလို
အဖက်လဲမလုပ်။ထယ်ယောင်းလဲ
အဖေ့အမိန့်နဲ့မို့သာသွားရတာ
ဒီမှာ အတည်တကျဖြစ်နေတဲ့
ပညာရေးတွေရော ဘာတွေရောကြောင့်
ရှင်းရှင်းပြောရရင်မသွားချင်ပါ။သို့သော် နောက်နှစ်ရက်နေရင်ပဲ
ဘူဆန်သို့သွားရတော့မည်ဖြစ်သည်။
အခုလဲယွန်းဂီကအထုတ်တွေပြင်တာကို
လာကူပေးနေခြင်းပင်။"ငါလိုက်ခဲ့ရမလား"
"ဟာ ဖြစ်ပါ့မလား"
"မင်းမရှိပဲကျောင်းတတ်ရမှာကပိုမဖြစ်တာ
ငါဘယ်လိုလူလဲ မင်းအသိဆုံး""မင်းသဘောကွာ ငါကတော့အဆင်ပြေတယ်"
"အေး ငါပါလိုက်မယ် ဘယ်လောက်ကြာမှာလဲ"
"၁နှစ်ပေါ့ အထက်တန်းပြီးတဲ့ထိလေ"
ယွန်းဂီကခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ကာ
အထုတ်ပြင်ခြင်းကိုလက်စသတ်လိုက်သည်။"ဒါဆို ငါပြန်ပြီ အကြောင်းထူးရင်ဖုန်းဆက်"
"အင်း"
-royal camillia-
ဒီနေ့ထယ်ယောင်းနှင့်ယွန်းဂီဘူဆန်သွားရမည့်နေ့
ဖြစ်သည့်အလျောက် airportသို့
ရောက်ရှိနေသည်။သားဖြစ်သူတစ်ယောက်လုံး
အဝေးသို့သွားရတော့အချိန်မှာတောင်
လိုက်မပို့နိုင်လောက်တဲ့အထိသူ့မိဘတွေ
အလုပ်ရှုပ်နေခဲ့သည်။ငယ်ငယ်ထဲက
ဖြစ်နေကြဆိုတော့လဲထူးထူးခြားခြားမခံစားမိ။ယွန်းဂီဟာလဲသူ့လိုပဲမိဘ၏နွေးထွေးမှုကို
မရရှိရှာသူဖြစ်သည်။၃နှစ်လောက်ထဲက
နိုင်ငံခြားထွက်သွားတဲ့ မိဘတွေကြောင့်
အိမ်ကအလုပ်သမားတွေနဲ့သာကြီးပြင်းခဲ့ရသည်။
ဘ၀တူခြင်းပေါင်းမိတယ်ထင်ပါ့။
သူနဲ့မတူသည့်အချက်က ယွန်းဂီသည်
ခံစားချက်တွေကိုကျွမ်းကျင်စွာ
ဖုံးကွယ်နိုင်သည်။ဒီတစ်ချက်တော့
အားကျမိသည်။
•chapter-1•
Start from the beginning