Chapter(26) - Dress In White

Start from the beginning
                                    

"ဆရာ,တပည့်အခုထွက်သွားပါတော့မယ်"

အဆုံးမှာတော့သူရှန်ကျစ်ရှန်းကိုအတင်းအကြပ်ဖိအားမပေးချင်ဘူး..အကယ်၍ရှန်ကျစ်ရှန်းကသူ့ကိုမမြင်ချင်ဘူးဆိုရင်သူအချိန်တစ်ချို့လောက်ကြာအောင်ထွက်သွားပေးမယ်...ဆရာ့ရဲ့ဒေါသကအချိန်တစ်ချို့လောက်ရောက်လာရင်အေးသွားလောက်ပါတယ်

ရန်ကျင်းမတ်တပ်ရပ်လိုက်သည်။ဒီလောက်အချိန်တိုအတွင်းမှာကိစ္စတွေအများကြီးဖြစ်ပျက်သွားတယ်...

ဖြစ်နိုင်တာ,သူတကယ်ပဲတည်ငြိမ်အောင်ခဏလောက်ထွက်သွားသင့်တယ်ထင်ပါတယ်...ဆရာ,ဆွေ့ရှန်း

သူကထိုစကားလုံးတွေကိုဝါးလိုက်ပြီးဝမ်းနည်းသည့်ခံစားချက်ဖြင့်လျှောက်ထွက်သွားတော့လေသည်။သူ့အရှိန်အဟုန်ကပုံမှန်လိုမချောမွေ့ပဲသူ့ရဲ့အာရုံစိုက်ကလည်းပုံမှန်လိုထက်ရှမနေပေ။

ရက်ပေါင်းများစွာပိတ်ထားတဲ့ပြတင်းပေါက်ကတိတ်တိတ်လေးပွင့်လာပြီးအစိမ်းရောင်လေးတစ်ခုပေါ်လာသည်။

ရန်ကျင်းရဲ့ပုံသဏ္ဍာန်လုံးဝပျောက်ကွယ်သွားတဲ့အချိန်မှာတော့အနည်းငယ်ဟနေတဲ့ပြတင်းပေါက်ကတိတ်တဆိတ်ဖြင့်နောက်တစ်ဖန်ပြန်ပိတ်သွားသည်။ခဏလောက်အကြာမှာတော့တံခါးမကြီးကပွင့်ဟသွားပြီးအဖြူရောင်ဝတ်စုံနဲ့လူငယ်လေးတစ်ယောက်ထွက်လာ၏။

သူ့ကမယုံနိုင်လောက်အောင်ပင်သန့်စင်မွန်မြတ်သည့်အသွင်အပြင်ရှိသည်။သူ့မျက်လုံးလေးများကကြည်လင်သန့်စင်နေပြီးယပ်တောင်ကိုသက်တောင့်သက်သာခပ်လိုက်တဲ့အချိန်မှာအဲ့ဒါကသူ့ကိုအရမ်းသက်ဝင်ရွှင်လန်းနေစေသည်မှာ-လူတွေဓားကိုဆွဲထုတ်ပြီးကခုန်ကြောင်းရေးသားကြတဲ့အသက်ဝင်ပုံမျိုးပင်။

တောင်ဝင်မြင့်မြတ်ပြီးလွတ်လပ်ပေါ့ပါးတယ်....သူ့ကိုအပြည့်အဝဖော်ပြနိုင်ဖို့စကားလုံးနှစ်ခုသာရှိသည် ; သဟာဇာတဖြစ်ပြီးသင့်တင့်မျှတတယ်

သူကအပြင်ဘက်သို့တင့်တယ်ကြော့ရှင်းစွာလျှောက်ထွက်လာပြီးအသက်ကိုပြင်းပြင်းရှုလိုက်ကာသူ့နှုတ်ခမ်းပေါ်မှာတော့သက်တောင့်သက်သာနဲ့လွယ်ကူတဲ့အပြုံးလေးတစ်ခုရှိနေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now