သူ့ရယ့် တင်ပါးလေးကို ပုတ်ပြပါ ဆူပုတ်ပုတ်နဲ့ သုလေးပြောတယ့် ထပ်ညစ်လာတယ့် ဦးကြောင့် သုလေးမျက်နှာလေးက ရဲခနဲ

ပြောတော့လည်း ဖြေပါတယ်
"အသည်းယားလို့"တယ့်
တကယ်ပါဘဲ အသက်ကြီးမှ ချစ်သူရတယ့် လူပိုကြီးတွေ အဲဟုတ်ပါဘူး လူပျိုကြီးတွေက အဲ့လို အသားယူကျတာဘဲလား

မင်းကမ္ဘာတည်ကတော့ ခုမှ ပူပူနွေးနွေး ချစ်သူဖြစ်တာ  ၁၄မိနစ်နဲ့ ၃၆စက္ကန့်ဘဲ ရှိသေးတယ့် ချစ်သူ ပူတူး အူကြူးလေးရယ့် ထော်လာတယ့် နှုတ်ခမ်းလေးကို အူယားစွာ ထပ်နမ်းတော့ ရင်ဘက်ကို ကိုက်လာတယ့် ကလေးက ဆူအောင့်စွာ

"ဦးကြာရင် သားတော့ ပရုတ်လုံးဖြစ်တော့မယ် ရက်စက်လိုက်တာ"

"မလုပ်တော့ဘူးနော် ဦးက စောနက အသည်းယားလို့ "

"ဟွန့် ဦး ဒီနေ့ ချစ်သူဖြစ်တာ ပထမဆုံးနေ့ လျောက်လည်ကျမလား"

"ကလေးလေး အတန်းရှိသေးတယ်မလား"

မင်းကမ္ဘာတည်ပြောလိုက်တော့ ရင်ခွင်ထဲက ကလေးက အင်္ကျီက ကြယ်သီးတွေကို ကလိရင်း

"ဦးကလည်း ဒီနေ့ ကလေးနဲ့ ချစ်သူစဖြစ်တာလေနော် အဲ့တော့ အပြင်သွားရမှာပေါ့ အတူတူလျောက်လည်ကျမယ်လေ"

"ဒါပေမယ့် ကျောင်းမတက်ရင် အကိုလွန်းက ဆူမှာပေါ့"

"ဆူဘူးလေနော် နော်သွားရအောင်"

ကလေးရယ့် အတင်းပူဆာနေတယ့် ပုံလေးကြောင့် မင်းကမ္ဘာတည်လည်း မငြင်းသာ

ရင်ခွင်ထဲက ကလေးပေါက် နှာခေါင်းလေးကို ခပ်ဖွဖွဆွဲရင်း

"ကလေး သဘောပါဗျာ"

"ဟီး မွ မွ ချစ်တယ်"

"ကဲ ဒါဆို ဘယ်သွားမလဲ "

"ဦးနဲ့ အတူတူ ကစားကွင်းသွားမယ်"

"ဟင် ကစားကွင်း"

"အင်း သွားမယ် let's go"

ကိုယ်ပေါ်ကနေ လွှားခနဲ ဆင်းကာ
ထိုင်နေတယ့် ကလေးပေါက်က သီချင်းဖွင့်ကာ လက်ဟန်ခြေဟန်နဲ့ ကရင်း သီချင်းကိုပင် အော်ဆိုနေသည်။

"A little bit psycho "
"At night she's screamin"
"IM-MA -MA-MA- OUT MY MIND"

ကလေးလေးကိုမှ ချစ်မိတယ့် ကိုယ်အဖြစ်နဲ့ကိုယ်ဆိုတော့လည်း
ဘေးနားက ကလေးပေါက်လေး ဝါးခိသမျှရော ရလ်ု့ဆိုသမျှကိုရော
ကိုယ်ကလည်း ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ပေါ့ သူကတော့ လက်ရော ခြေထောက်ကလေးရော အငြိမ်မနေတယ့် တကယ့်ရှဥ့်ပေါက်လေးသာ။

Simple(S2){complete}Where stories live. Discover now