သို့သော် သူမ၏ဘဝက ထိုသို့သော ငြီးငွေ့ဖွယ်ကောင်းသည့်ဘဝမျိုးဖြစ်သည်။ တတိယမင်းသားကို ဖျက်ဆီးရန် မည်သည်ကို အသုံးချရမည်နည်း။ ယခုလောလောဆယ်တွင်တော့ သူမ ငြိမ်းချမ်းရာကို ရှာချင်မိသည်။
သူမ မသွားခင်တုန်းက မားမားချောင်ကို ယခုချိန်မှစ၍ တိမ်ထွတ်စီရင်စုတွင် ရွှယ့်တုန်ထင်းဟူသည့် မိန်းကလေးမရှိတော့ပြီဟု ပြောခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤနေရာတွင် သူမကို ရှာချင်ပါလျှင် တံငါသည်တစ်ဦးကို လက်ထပ်သွားသည့် တုန်ရှန်းမိန်းကလေးဟုသာ ပြောရပေမည်။ တံငါသည်ကို လက်ထပ်လိုက်လျှင် သူမအတွက် သာမာန်ဆန်သည့် ငြိမ်းအေးရာကို ရှာတွေ့နိုင်မည်ဟု သူမသဘောပေါက်သည်။ သို့သော် သူမ မသိခဲ့သည်က သူမလက်ထပ်ခဲ့သော ထိုတံငါသည်တွင် အံ့အားသင့်စရာကောင်းသည့် လျှို့ဝှက်ချက်အကြီးစားကြီးရှိသည်ကို ဖြစ်၏။
မြစ်ကြီးသည် အရှေ့အရပ်မှနေ၍ ပင်လယ်ကြီးဆီသို့ စီးဆင်းလျက်ရှိသည်။ မြစ်ကြီးက အလွန်ကျယ်လှသောကြောင့် သူမဖြတ်ကူးရန် ညတစ်ဝက်ထက်မနည်း အချိန်ယူခဲ့ရသည်။ အစပျိုးလာသော နေ့အလင်းရောင်အပြင် အပြာရင်ရင့်ကောင်းကင်ကြီးက အဆုံးမရှိသော နှင်းပွင့်တို့ထက်ပင် ကျော်လွန်၍ ပိုသာသော အေးချမ်းမှုကို ပေးစွမ်းနေလေသည်။
ရွှယ့်တုန်ထင်းက ကန့်လန့်ကာကို ပြန်ချလိုက်သော်လည်း ထောင့်စွန်းနားကို အသာမ,ထား၍ မြစ်ကမ်းနံဘေးတွင် ရပ်နေသော ထိုလူကို တွေ့မြင်နေရသေးသည်။ သူမ မျှော်လင့်ထားသကဲ့သို့ သူက ငါးဖမ်းသမားပုံစံမပေါက်နေဘဲ ဖျတ်လတ်တက်ကြွသည့် ပုံစံကိုဆောင်လေသည်။ သူမ သူ့မျက်နှာကို သဲသဲကွဲကွဲမမြင်ရပေ။ သို့သော် မျက်နှာအနားသတ်မျဉ်းများအရ ထိုသူသည် ရုပ်တော့မဆိုးလောက်ပေ။ သူမ၏နှလုံးသားလေးမှာ တုန်ယင်သွားသည်။ သူစိမ်းတစ်ယောက်နှင့် အတူနေခြင်းဟူသောအတွေးက သူမကို ရုတ်တရက်ကြီး နေရခက်စေသည်။ သူက မည်သို့ပုံစံရှိမည်နည်း။ သူ့စိတ်နေစိတ်ထားကရော မည်သို့ရှိမည်နည်း။ ပြီးတော့ သူ့သဘောထားကရော? သူမ,မသိပါ။ ထိုသူနှင့် အိပ်ယာတစ်ခုထဲတွင် အတူတူအိပ်ပြီး မားမားချောင်ပြောခဲ့သည့် အရာများကို လုပ်မည်ဟူသောအတွေးက သူမကို အနည်းငယ်တော့ကြောက်စေသည်။
CZYTASZ
❄︎Completed❄︎နှင်းပွင့်လေးများလှပါစေ(ဘာသာပြန်)
RomansThis is not my own creation. Just translation. Both Unicode and Zawgyi. Eng name က ကိုယ့်ရဲ့ message board မှာ ရှိပါတယ်နော်။
Chapter 3
Zacznij od początku