Chapter(24-2) - အမှန်တရား

Start from the beginning
                                    

"ဒီတပည့်ကတကယ့်ကိုအဲ့ဒီကိစ္စတွေလုပ်ခဲ့ပါတယ်....အကုန်လုံးစုန့်ဂိုဏ်းချုပ်သိထားတယ်!စုန့်ဂိုဏ်းချုပ်,ကျွန်တော့်ကိုကတိပေးထားတယ်လေကျွန်တော်သာ-"

"ရဲတင်းလိုက်တာ!"

လက်ဖက်ရည်ကြမ်းခွက်လေးတစ်ခုကရန့်ရှန်ရဲ့ရှေ့ကမြေပြင်ပေါ်မှာကွဲကြေသွားသည်။ခွက်ကအစိတ်အစိတ်အမွှာမွှာဖြစ်သွားကာကွဲစများကသူ့လက်မောင်းကိုဖြတ်သွားတာကြောင့်သွေးများစီးကျလာလေသည်။

ရှန်ကျစ်ရှန်းကသူ့ကိုအေးစက်စက်ကြည့်နေကာသူ့မျက်လုံးများကတော့ရေခဲသဖွယ်,ရင်းနှီးမှုတစ်စုံတစ်ရာရှိမနေဘူး

"လူငယ်လေး,မင်းကစည်းမျဉ်းစမ်းကမ်းတွေချိုးဖောက်ပြီးနတ်ဆိုးကျင့်ကြံသူတွေနဲ့တိတ်တဆိတ်ပူးပေါင်းတာတင်မကဘူးအခုတော့ဂိုဏ်းချုပ်ကိုပါအသရေဖျက်ချင်နေပြီပေါ့?!"

သူ့ပုံစံကအလွန်အမင်းဒေါသထွက်နေပုံပေါ်သည်။

"ရန့်ရှန်ကအပြစ်ပေါင်းများစွာကိုကျူးလွန်ခဲ့တယ်...သူ့ဆရာတစ်ယောက်အနေနဲ့သူ့ကိုကောင်းကောင်းမွန်မွန်မသွန်သင်နိုင်ခဲ့တာငါ့ရဲ့အကြီးမားဆုံးအမှားပဲ...ငါ,ရှန်ကျစ်ရှန်းကဒီသစ္စာဖောက်ကိုဒီနေ့ပဲနှင်ထုတ်မယ်ဆိုတာကိုဒီမှာရှိနေသမျှလူအကုန်လုံးကိုသက်သေပြပါတယ်"

ထိုကဲ့သို့ကျယ်လောင်စွာပြောပြီးနောက်ရှန်ကျစ်ရှန်းကသူ့ခါးမှဓားကိုထုတ်ယူပြီးသူ့နောက်ကရန်ကျင်းကိုပစ်ပေးလိုက်ကာဆက်ပြောသည်။

"ဒီလိုမကောင်းတဲ့ရည်ရွယ်ချက်တွေကြောင့်သူကချင်းယွင်ရဲ့နာမည်နဲ့မထိုက်တန်တော့ဘူး...ဒီနေ့,ငါမင်းရဲ့ဝိညာဉ်အားကိုဖြိုခွဲမယ်..ငါတို့ဆရာနဲ့တပည့်ဆက်ဆံရေးကအခုချိန်ကစပြီးအဆုံးသတ်သွားပြီ"

ထို့နောက်တစ်ဖက်သို့လှည့်ပြီးရန်ကျင်းကိုတိုးတိုးလေးပြောလိုက်သည်။"သွား"

ထိုအပြောင်းအလဲကြီးကလူတိုင်းအားအံ့အားသင့်သွားစေ၏။

ဓားကိုကိုင်ထားတဲ့ရန်ကျင်းရဲ့လက်များတင်းကြပ်သွားသည်။သူ့ပုံစံကတည်ငြိမ်နေသော်လည်းရှန်ကျစ်ရှန်းရဲ့လုပ်ရပ်နဲ့ပတ်သတ်ပြီးအံ့အားသင့်နေမိတာဖြစ်သည်။သို့သော်လည်းအင်္ကျီလက်ထဲမှာပုန်းကွယ်နေတဲ့ရှန်ကျစ်ရှန်းရဲ့လက်များတင်းတင်းကြပ်ကြပ်ဆုပ်ထားသည်ကိုမြင်တဲ့အခါမှာတော့သူ့နှုတ်ခမ်းတုန်ယင်လာပြီးသူ့ရဲ့ထိတ်လန့်မှုကပြန်လည်ကောင်းမွန်လာသည်။ထိုလက်များကအရမ်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားတာကြောင့်ဖြူစုတ်နေပြီ။ရန်ကျင်းကအံကိုကြိတ်ပြီးလျှောက်ထွက်သွားလိုက်တော့လေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now