Chapter(24-2) - အမှန်တရား

ابدأ من البداية
                                    

ရှန်ကျစ်ရှန်းကဓားလမ်းကြောင်းမှာအရမ်းကိုပါရမီထူးကဲပြီးဓားအတော်များများကိုနားလည်သည်။အကယ်၍သူကသခင်မရှိတဲ့ဓားဝိညာဉ်ကိုဆင့်ခေါ်နိုင်တယ်ဒါမှမဟုတ်သခင်ရှိတဲ့ဓားဝိညာဉ်ကိုဆင့်ခေါ်နိုင်တဲ့အပြင်အမှန်တရားကိုပါဖော်ထုတ်ပြနိုင်တယ်ဆိုရင်,စုန့်မင်းကတော့....ယုံကြည်တယ်။

ဘာကိုမှမသိရတာတောင်ရှန်ကျစ်ရှန်းကသိုလှောင်ဓားစံအိမ်ကိုသွားချင်နေတာအံ့အားသင့်စရာမရှိတော့ဘူး...ဒီဓားကိုရဖို့ပဲကိုး!

သူကအခွင့်အရေးကိုစောင့်နေတာသပ်သပ်ပဲ!

ရှန်ကျစ်ရှန်းဘယ်လောက်သိနေလဲစုန့်မင်းမသိပေ။

စက္ကန့်ပိုင်းအတွင်းမရေမတွက်နိုင်တဲ့အတွေးများကစုန့်မင်းရဲ့စိတ်ထဲဝင်ရောက်လာသည်။သူကခေါင်းလှည့်လိုက်ပြီးဘေးကအကြီးအကဲအားမေးလိုက်၏။

"အကြီးအကဲရောဘယ်လိုထင်လဲ?"

"အဲ့ဒါယုံကြည်လို့ရတယ်"

ပြောလိုက်တဲ့သူကမမျှော်လင့်ပဲသူ့ကိုယ်သူအလုပ်ထဲမှာပဲနှစ်မြုပ်ထားပြီးတစ်ခြားသူတွေရဲ့ကိစ္စမှာဝင်ပတ်သတ်တာကိုဘယ်တော့မှမနှစ်သက်တဲ့လေးစားခံရသောအကြီးအကဲတစ်ယောက်ဖြစ်နေသည်။သူကမှုန်မှိုင်းမှိုင်းဓားဝိညာဉ်ကိုကြည့်လိုက်ပြီးထိုဝိညာဉ်,ဓားရဲ့ကိုယ်ထည်ထဲပြန်ဝင်သွားတာကိုစောင့်ပြီးမှထပ်ပေါင်းပြောသည်။

"ဓားဝိညာဉ်ကမလိမ်နိုင်ဘူး"

ဂိုဏ်းထဲမှာဆိုရင်ထိုအကြီးအကဲကဂုဏ်သိက္ခာကြီးမားတဲ့သူတစ်ယောက်အဖြစ်သတ်မှတ်နိုင်သည်။သူထိုအကြောင်းပြောလိုက်တဲ့အချိန်မှာသူကရှန်ကျစ်ရှန်းဘက်ကိုအလေးပေးလိုက်ခြင်းဖြစ်သည်။ရလဒ်ကတော့လူအုပ်ကြီးသည်ပြိုလဲကျလုနီးပါးဖြစ်နေတဲ့ရန့်ရှန်ဘက်အကြည့်ရွှေ့သွားကြခြင်းပင်။

"ဆရာ!ရန်ကျင်းကနတ်ဆိုးကျင့်ကြံသူဖြစ်ခဲ့တာကြာပါပြီ,သူကဆရာနဲ့ဂိုဏ်းတစ်ခုလုံးကိုတိုက်ခိုက်ဖို့ကြံစည်နေတယ်!တပည့်ကရန်ကျင်းရဲ့မျက်နှာအစစ်ကိုပြပေးပါ့မယ်!"

ရန့်ရှန်ကသူအဆုံးသတ်တော့မှာကိုနားလည်စွာပင်စူးရှစွာအော်ဟစ်နေသည်။ထို့နောက်မှာတော့သူကအကုန်ဖွင့်ချတော့၏။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)حيث تعيش القصص. اكتشف الآن