Chapter(24-1) - အမှန်တရား

Start from the beginning
                                    

ရှန်ကျစ်ရှန်းကအံကိုကြိတ်လိုက်ပြီး တွန့်ဆုတ်မှုမရှိစွာပင်ရန်ကျင်းရဲ့ ဝိညာဉ်မြစ်ထဲကနတ်ဆိုးချီမျှင် အားဆွဲထုတ်ကာသူ့ကိုယ်ထဲ ထည့်လိုက်သည်။

ရန်ကျင်းရဲ့လက်ကအနည်းငယ် တုန်ယင်သွားပြီးရုတ်တရက် ခေါင်းမော့ကာရှန်ကျစ်ရှန်းကို ကြည့်မိသည်။သူ့နှုတ်ခမ်းကတော့ တုန်ယင်နေ၏။

"ဆရာ....."

သူကသူ့လက်ကိုချက်ချင်းနီးပါး ပြန်ရုတ်သော်လည်းရှန်ကျစ်ရှန်း ကတင်းတင်းကြပ်ကြပ်ဆက်လက် ဆုပ်ကိုင်ထားပြီးလွှတ်ထားဖို့ ကိုငြင်းဆန်လေသည်။

ကံကောင်းစွာနဲ့နတ်ဆိုးချီက အများကြီးရှိမနေတာကြောင့် ရှန်ကျစ်ရှန်းရဲ့ကိုယ်နဲ့အလျင် အမြန်ပဲမိတ်ဆက်သွားသည်။

ရှန်ကျစ်ရှန်းကသူ့လက်ကို ဖြေးညှင်းစွာပြန်ရုတ်လိုက်သည်။ နတ်ဆိုးချီကသူ့ခန္တာကိုယ် တစ်လျှောက်ပြေးလွှားနေပြီး သူ့သွေးများကိုမတည်မငြိမ် ဖြစ်စေသည်။သူကလက်များအား လက်သီးအဖြစ်ဆုပ်လိုက်ကာ သူ့ဝတ်ရုံထဲဆက်လက်ဖုန်းကွယ် ထားရင်းဖြင့်နာကျင်မှုကိုသည်းခံ နေသည်။သူ့မျက်နှာကတော့ အေးစက်မြဲအေးစက်ဆဲပင်။

"ရန့်ရှန်,မင်းကဒီဆရာကို အရမ်းစိတ်ပျက်စေတာပဲ"

"သိုလှောင်ဓားစံအိမ်မှာတုန်းက အားကျင်းကိုမင်းချောက်ချခဲ့တဲ့ အချိန်မှာမင်းကငယ်သေးလို့ပါ ဆိုပြီးငါမသိချင်ယောင်ဆောင် ပေးခဲ့တယ်..လွန်ခဲ့တဲ့နှစ်တွေတုန်း ကလည်းမင်းအားကျင်းကို တစ်ချိန်လုံးအဆက်မပြတ်ဒုက္ခ ပေးခဲ့တာတောင်ငါမင်းကိုအများ ကြီးအပြစ်မတင်ခဲ့ဘူး"

ထိုတုန့်ပြန်မှုကရန့်ရှန်ရဲ့မျှော်လင့်ချက် နဲ့လုံးဝကိုခြားနားနေသည်။ထိတ်လန့် စွာဖြင့်သူကခေါင်းကိုဆတ်ခနဲမော့ လိုက်ပြီးသူ့ပါးစပ်ကိုဖွင့်ကာ စကားပြောချင်နေသည်။

သို့သော်ရှန်ကျစ်ရှန်းကသူ့ကို စကားပြောနိုင်မယ့်အခွင့်အရေး မပေးပဲတည်ငြိမ်စွာဖြင့်သာ
ဆက်ပြောသည်။

"အားကျင်းကမင်းအပေါ်မှာ ဘာမှအကြွေးမရှိတာတောင်မှ မင်းဆီကနေတစ်ချိန်လုံး မကျေမနပ်မှုကိုအပြည့်အဝ ခံစားခဲ့ရတယ်....ဒါပေမဲ့အခုတော့ မင်းကဒီလိုကိစ္စမျိုးကိုတောင် စီစဉ်ပြီးဂိုဏ်းကိုခြိမ်းခြောက် ရဲနေပြီ..အဲ့ဒါတင်မကဘူးမင်းက အားကျင်းကိုပါချောက်ချချင်နေတယ်"

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now