✨ Thanks you all ✨

Comenzar desde el principio
                                    

အိုမို...😦 8 လကျော်ကျော်ကြီးများတောင် ကြာခဲ့ပါရောလား...? 🙁

မနက်က fb က ment တစ်ခုမှာ တွေ့လိုက်ရသေးတယ်... 'Complete ဖြစ်ဖို့ လပေါင်းများစွာစောင့်ဖတ်ခဲ့ရတယ်' တဲ့ဗျာ...။
တကယ် အားနာမိသလို ကျေးဇူးလည်းတင်ပါတယ်ဗျ။

နိုင်ငံရေးအရှုတ်အထွေးတွေကြောင့် ဒီ fic လေးကို မရေးပဲ ခနနားခဲ့သေးတယ်...။
အဲ့ဒီအတောအတွင်း စာစစ်ဖို့ဘာညာ Return Updated ပြန်လုပ်ခဲ့ပြန်ရော...။
မျက်လုံးအခြေအနေကို အနားပေးတဲ့အနေတဲ့ နားခဲ့တဲ့ ကြားရက်တွေ...။

နေ့ရက်တွေက အကုန်မြန်တာပဲဗျ
အဲ့ဒီလောက်ကြာမယ်လို့ တကယ်ကို မထင်ခဲ့မိဘူး ❤

ဘာပဲဖြစ်ဖြစ် Messenger ကနေ Update လာတောင်းတဲ့ သူလေးတွေ ၊ စာရေးရတာ အားရှိအောင် အားပေးစကားလာပြောပေးတဲ့ သူလေးတွေအားလုံးကိုလည်း တကယ်ကျေးဇူးတင်ပါတယ်။

Final ထိ ဒီလို ချောချောမွေ့မွေ့အဆုံးသတ်နိုင်တာ ခင်ဗျားလေးတို့ တစ်ဦး တစ်ယောက်ချင်းစီတိုင်းကြောင့်ပါ...။ 🤍

Royal ကို ဘယ်လို ခေါ်ရမလဲ' လို့ မေးတဲ့သူလေးတွေအတွက်တော့ Royal အသက်က လာမယ့် Oct မှာ 17 နှစ် ပြည့်တော့မှာပါ...။
ဒီတော့ ခင်ဗျားလေးတို့အဆင်ပြေသလို မမ ဆိုလည်း မမ ၊ ညီမလေး ဆိုလည်း ညီမလေး ၊ ခွဲခြားမှုလည်းမရှိတာမို့ အကို ၊ ညီ ဆိုပြီးတော့လည်း အဆင်ပြေသလိုခေါ်နိုင်ပါတယ်ဗျ။

တရင်းတနှီးခေါ်ချင်ရင်တော့ Royal လို့ပဲ ခေါ်ပါခင်ဗျာ။ မမတွေ ညီမလေးတွေထက် Royal လို့ခေါ်တာကိုပဲ ပိုပြီးတော့ သဘောကျပါတယ်...🖤

ဆိုတော့.....
Final ရောက်အထိမ်းအမှတ်အနေနဲ့ ဒီ fiction လေးကို Vd လေးတစ်ခု Edit လုပ်ပေးဖို့ရှိပါတယ်ဗျ။

Wp ကတော့ Youtube ပေါ်က Vd တွေပဲ Upload ပေးနိုင်တာမို့ Royal ရဲ့ fb acc ကိုပဲ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ...။
Vd ကတော့ Edit နေတုန်းပဲ ရှိပါသေးတယ် ဟဲ ဟဲ...😆

ကိုယ်ဝါသနာပါတဲ့ ကမ္ဘာငယ်လေးထဲမှာ ပျော်မွေ့နေတဲ့ ကောင်ပါဗျာ...။
ဒီကမ္ဘာငယ်လေးထဲမှာ ပါဝင်နေတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Royal က တကယ်ပဲ အလေးထားပါတယ်...💞

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Donde viven las historias. Descúbrelo ahora