Chapter(36):ပထမဆုံးအကြိမ် ကျင့်ကြံခြင်း

4.3K 950 17
                                    

Zawgyi

"ပထမဦးဆုံး ကျွန်တော်ခင်ဗျားကို သင်ပေးထားတဲ့ နည်းလမ်းအတိုင်း စိတ်စွမ်းအင်ဆိုင်ရာစွမ်းအင်တွေကို စိတ်စွမ်းအင်စွမ်းအားအဖြစ် ပြောင်းလဲရမယ်။ ဒါပေမဲ့ ဒီနေရာမှာ စိတ်စွမ်းအင်ဆိုင်ရာစွမ်းအင်တွေ မရှိဘူးဆိုတော့ ခင်ဗျားဒီနည်းလမ်းအတိုင်း ကျင့်ကြံနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ခင်ဗျားကိုကြိုက်တဲ့လူတွေအများကြီးရှိတယ်ဆိုတာကို ကျွန်တော်ခုနကမြင်ပြီးပြီ။ ပြီးတော့ သူတို့ကခင်ဗျားအတွက် ယုံကြည်မှုစွမ်းအားတွေ အများကြီးကိုထုတ်လုပ်ထားတယ်။ ခင်ဗျားယုံကြည်မှုစွမ်းအားတွေကို အသုံးပြုပြီး ကျင့်ကြံနိုင်တယ်... ဒီလမ်းကြောင်းက အရင်ပုံမှန်လမ်းကြောင်းထက် ပိုကောင်းတယ်။"
သူ့ဆရာကသူ့ကို လမ်းညွှန်ပေးနေကျပုံစံအတိုင်း ယွီဂျင်လီက စိတ်လှုပ်ရှားစွာ ကျန်းမော့ရှန်းကို လမ်းညွှန်ပေးလိုက်တယ်။

သူကအခုကျန်းမော့ရှန်းရဲ့ဆရာဖြစ်သွားပြီလား?
ယွီဂျင်လီက သူ့စိတ်ထဲမှာ လျို့ဝှက်စွာပြုံးလိုက်တယ်။

သို့သော်လည်း လူသစ်ချင်းအတူတူတောင် ကွာဟချက်ကတော့ အရမ်းကြီးမားတယ်။ ယွီဂျင်လီပထမဆုံးစတင်ကျင့်ကြံတုန်းက ကျင့်ကြံရေးကမ္ဘာထဲကိုဝင်ရောက်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်တဲ့ စိတ်စွမ်းအင်ဆိုင်ရာစွမ်းအင်တွေကို သူ့ရဲ့အခန္ဓာကိုယ်ထဲကိုစုပ်ယူဖို့ အချိန်တစ်လကြာခဲ့တယ်။ ဒါပေမဲ့ ယွီဂျင်လီရဲ့လမ်းညွှန်ချက်အောက်မှာ ကျန်းမော့ရှန်းက သူ့ဘေးပတ်ပတ်လည်မှာရှိတဲ့ ယုံကြည်မှုစွမ်းအားတွေကို လျင်မြန်စွာပဲ အာရုံခံနိုင်ခဲ့တယ်။ ပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ဖို့ လမ်းညွှန်ပြီးတော့ စတင်လုပ်ဆောင်နိုင်ခဲ့တယ်။

ယုံကြည်မှုစွမ်းအားတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာက အရမ်းကိုအံ့သြဖို့ကောင်းတယ်။ အဲ့ဒါက သူ့ရဲ့အရင်လေ့ကျင့်မှုတွေနှင့် လုံးဝကို ကွဲပြားခြားနားတယ်။ သူ့ကိုပိုပြီးစွမ်းအားကြီးတယ်လို့ ခံစားရစေတဲ့ စွမ်းအင်ကတ်ကို အသုံးပြုရတဲ့ခံစားချက်နှင့်လည်း ကွဲပြားတယ်။

ယွီဂျင်လီက စည်းမဲ့ကမ်းမဲ့ရွေ့လျားနေတဲ့ ကလေးဆိုးလေးလိုမျိုးဖြစ်နေတဲ့ ယုံကြည်မှုစွမ်းအားတွေကို စောင့်ကြည့်နေတယ်။ အခုတော့သူတို့တွေက ကျန်းမော့ရှန်းရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရဖို့ အတန်းလိုက်စောင့်ဆိုင်းနေကြတယ်။ သူအရမ်းအံ့အားသင့်သွားရတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now