Chapter(15):မင်းကိုပုဂ္ဂိုလ်ရေးအရ ဒါပေးမယ်။

4.5K 1K 4
                                    

Zawgyi

ကျန်းမော့ရှန်းက သူ့အရှေ့ကလူငယ်လေးရဲ့ တစ်ခဏလောက် စာနာနေတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက် တစ်ခဏလောက် နူးညံ့သိမ်မွေ့တဲ့ အမူအရာတွေပြလိုက် တစ်ခဏလောက် လှပတဲ့အရာတွေကို စဉ်းစားနေတယ်လို့ ထင်ရပြီးတော့ တစ်ခစ်ခစ်ရယ်လိုက်နဲ့ သူ့ရဲ့မျက်နှာပေါ်က အမူအရာတွေက ပြောင်းလဲပြီးရင်း ပြောင်းလဲနေတယ်။ အမူအရာတွေ တော်တော်များတာပဲ။

ကျန်းမော့ရှန်းအတွက် လူတစ်ယောက်မှာ အဲ့လိုမျက်နှာအမူအရာ အများကြီးရှိတာကို မြင်ရတာ ဒါပထဆုံးအကြိမ်ပဲ။ ယွီဂျင်လီရဲ့အဲ့လိုပုံစံကို ကြည့်ပြီးတော့ သူသူ့ကို မနှောင့်ယှက်ရဲတော့ဘူး။ သူ့ကိုတိတ်တဆိတ်ပဲ ကြည့်နေလိုက်တယ်။

ရုတ်တရက် သူ့ရဲ့မိသားစုထဲမှာ လူငယ်လေးတစ်ယောက်က ပေါ်လာတယ်။ သူ့မိဘတွေက အဲ့ကောင်လေးက အလှမ်းဝေးတဲ့ဆွေမျိုးတစ်ယောက် ဖြစ်ပြီးတော့  ဒီမှာရက်အနည်းငယ် လာနေတာလို့ ပြောပေမဲ့လည်း သူ့စိတ်ထဲမှာ တစ်စုံတစ်ခု မှားနေတယ်လို့ ခံစားနေရတယ်။ ဒါပေမဲ့ ဘာမှားနေမှန်း သူမသိဘူး။

ဒါပေမဲ့ သဘာဝကျကျကိုပဲ သူ့ရှေ့ကလူငယ်လေးက သိပ်မပျော်သလိုပဲ။ သူ့မိဘတွေက အဲ့ကောင်လေးကို ဒီမှာနေဖို့ခွင့်ပြုကတည်းက ဒီကောင်လေးက ယုံကြည်ရတယ်လို့ ဆိုလိုတာပေါ့။ အနည်းဆုံးတော့ နောက်ခံနဲ့ပတ်သက်ပြီး ပြဿနာမရှိဘူးပေါ့။

"မင်းနာမည်ဘယ်လိုခေါ်လဲ?" ကျန်းကရုတ်တရက် မေးလိုက်တယ်။

"Ah? ကျွန်တော့်နာမည်က ယွီဂျင်လီ" ယွီဂျင်လီသူ့အတွေးထဲကနေ အသိပြန်ဝင်လာပြီးတော့ ကြောင်အအနဲ့ ပြောလိုက်တယ်။

သူကတစ်ဖက်လူကို နေ့လည်စာပို့ဖို့ လာတာဆိုပေမဲ့ အာဟာရဓာတ်စာက သူ့အရှေ့ကလူအတွက် စိတ်အနှောင့်အယှက်ဖြစ်နေတုန်းဆိုတာကို သူမသိဘူး။

ယွီဂျင်လီရဲ့မျက်နှာလေးက နှလုံးအားနည်းနေတဲ့ အမူအရာနဲ့ ရုတ်တရက် အနီရောင်ပြောင်းသွားတယ်။ ပြီးတော့ သူ့လက်ထဲမှာရှိတဲ့ အာဟာရဓာတ်စာကို ကျန်းမော့ရှန်းဆီ လျင်မြန်စွာ ပေးလိုက်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now