Chapter(27):တစ်ခြားတစ်ခုကို လမ်းပြခြင်း

4.4K 974 5
                                    

Zawgyi

အဲ့တာက အမှန်တကယ်ကို အရသာရှိတယ်။ ဒီလိုအရသာရှိတာမျိုး သူတို့တစ်ခါမှမစားဖူးဘူး။ အဲ့တာတကယ်ပဲ့အာလူးကနေ လုပ်ထားတာလား?
အရင်တုန်းကအာလူးတွေကကျတော့ ဘာလို့ဒီလိုမျိုးအရသာမရှိရတာလဲ?

အရသာမရှိတဲ့အာလူးတွေကို ဒီလိုမျိုးအရသာရှိတဲ့အရာတွေအဖြစ် ပြောင်းလဲအောင်လုပ်နိုင်တာပဲ့။ မျှော်လင့်ထားသလိုပဲ့ သူတို့ရဲ့ဗဟုသုတက အရမ်းကိုနည်းနေသေးတယ်။ သူကတကယ့်ကို သူတို့ရဲ့မိန်းမပျိုငယ်လေး ဖြစ်တယ်။ သူကအမှန်တကယ်ကို အချက်အပြုတ်တော်တာပဲ့။
သူ့ရဲ့ချက်ပြုတ်စကေးက မိသားစုကြီးတွေရဲ့စားဖိုမှူးတွေထက်တောင် ပိုကောင်းသေးတယ်။ အာ... ကျန်းမိသားစုရဲ့စားဖိုမှူးတွေအနေနှင့် ချက်ပြုတ်ခြင်းရဲ့နည်းလမ်းသစ်တစ်ခု မွေးဖွားလာတာကို မျက်မြင်တွေ့ရတာ သူတို့အရမ်းကံကောင်းတာပဲ့။ ဒီဘဝမှာတော့ နောင်တရစရာမရှိတော့ဘူး!

"အရသာရှိရဲ့လား?" လူသုံးယောက်စားကြည့်ပြီးတော့ စကားမပြောတော့တာကို ယွီဂျင်လီမြင်တော့ သူ့စိတ်ထဲမှာ မလွယ်ကူလောက်ဘူးဆိုတဲ့ အရိပ်အယောင်တွေဖြစ်လာတော့ မတတ်နိုင်ပဲ့နှင့် မေးလိုက်မိတယ်။

"အရသာရှိတယ်။ အရသာရှိတယ်။ မိန်းမပျိုငယ်လေး မိန်းမပျိုငယ်လေးက အရမ်းတော်တာပဲ့။ အားလူးကိုဒီလိုလုပ်ဖို့ ဘယ်လိုများတွေးမိသွားတာလဲ? အရင်ကဟာတွေထက် ဆယ်ဆလောက်ပိုကောင်းတယ်။ မဟုတ်ဘူး။ အဆတစ်သောင်းလောက်ပိုကောင်းတယ်!" ဇန်ဖေချီကအရမ်းစိတ်လှုပ်ရှားနေတော့ သူစကားကိုတောင် ကောင်းကောင်းမပြောနိုင်တော့ဘူး။

ယွီဂျင်လီက သူလိုချင်တဲ့အဖြေကိုရသွားတော့ နောက်ဆုံးမှာ သူစိတ်သက်သာရာရသွားတယ်။ ကြည့်ရတာ ဒီကမ္ဘာကလူတွေရဲ့အကြိုက်က ကမ္ဘာမြေပေါ်ကလူတွေနှင့် အတူတူပဲ့ထင်တယ်။ ဒါပေမယ့် အချက်အပြုတ်စွမ်းရည်အကန့်အသတ်က သူတို့ရဲ့စားချင်စိတ်အာသီသကို ကန့်သတ်ထားပုံရတယ်။

ယုံကြည်ချက်အပြည့်နှင့် ယွီဂျင်လီက နောက်ထပ်ဟင်းပွဲကို စတင်လုပ်တော့တယ်။ ဇန်ဖေချီနှင့်သူ့ရဲ့လူနှစ်ယောက်ကလည်း မျက်တောင်တစ်ခါခတ်လိုက်မိရင် ကမ္ဘာကြီးတစ်ခုလုံးဆုံးရှုံးသွားမှာစိုးသလိုမျိုးနှင့် သူ့ကိုမျက်တောင်မခတ်ပဲ့ စိုက်ကြည့်နေကြတယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now