Chapter(23):အမဲရောင်အသီးမှ ရရှိသောဆား

4.3K 965 5
                                    

Zawgyi

"ဒီကလေးက ကောင်းတဲ့ကောင်လေးပဲ။ သူဒီအိမ်မှာရှိနေရင် စိတ်လှုပ်ရှားစရာတွေအများကြီး ကြုံတွေ့ ရမှာပဲ။" ကျန်းဇန်ထောင်က ပြုံးပြီးပြောလိုက်တယ်။

"အဲ့ဒါမှန်တယ်။ ပြီးတော့ကျွန်မတွေးနေတာ အားရှန်းကဒီကလေးကို အရမ်းကြိုက်တယ်။ ရှောင်လီသူ့ကို ထိတဲ့အချိန်တုန်းက သူမနှစ်မြို့တာကို ကျွန်မ မခံစားရဘူး။ ဖြစ်ကောင်းဖြစ်နိုင်တာက ကျွန်မတို့မကြာခင် မြေးလေးချီနိုင်တော့မယ် ထင်တယ်။" ရှောင်မုလန်ကပြောပြီး သူမမျက်လုံးက စိုစွတ်လာပြန်တယ်။

သူတို့ကျန်းမိသားစုက ယွီဂျင်လီကိုရှာတွေ့တာက အမှန်တကယ်ကို ကောင်းချီးတစ်ခုပဲ။ ဒါပေမဲ့ သူတို့ဘာကြောင့်ယွီဂျင်လီကို ရှာခဲ့သလဲဆိုတာရဲ့ အကြောင်းပြချက်နဲ့ သူမတို့သားရဲ့အားနည်းနေတဲ့ ခန္ဓာကိုယ်အကြောင်းကို စဉ်းစားကြည့်လိုက်တဲ့အချိန်မှာ သူမ အမေတစ်ယောက်အနေနဲ့ မတတ်နိုင်ပဲ သူမရဲ့နှလုံးသားထဲကနေ ဝမ်းနည်းသလို ခံစားလိုက်ရတယ်။

ကျန်းဇန်ထောင်လည်း ဝမ်းနည်းနေတဲ့သူ့ဇနီးကို ကြည့်ပြီးတော့ သူလည်းဝမ်းနည်းသလို ခံစားလိုက်ရတယ်။ လူကိုသူ့လက်မောင်းကြားထဲမှာ ထားလိုက်ပြီးတော့ ဂရုတစိုက်နဲ့ သူမကိုနှစ်သိမ့်ပေးလိုက်တယ်။

ဒီရက်တွေမှာ အနာကျင်ရဆုံးသူကို ပြပါဆိုရင် သူ့ဇနီးပဲဖြစ်လိမ့်မယ်။ ပထမဆုံးသူ့ရဲ့ခန္ဓာကိုယ် နောက်တော့ သူ့သားရဲ့ခန္ဓာကိုယ်။ အားလုံးက ရုတ်တရက်ဆိုသလို မိသားစုရဲ့မဏ္ဍိုင်နှစ်ခုက လဲကျသွားတယ်။ သူမဘယ်လိုလုပ်မခံစားရပဲ နေပါ့မလဲ?

သူမရဲ့မျက်နှာပေါ်မှာ အမြဲတမ်းအပြုံးတစ်ပွင့် ရှိနေပေမယ့်လည်း သူမကသူမ ခံစားနေရတာကို လူတိုင်းကို မမြင်စေချင်ရုံ သူမအတွက် မစိုးရိမ်စေချင်လို့ဆိုတာကို သူသိတယ်။

"လန်အာ အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်။" ကျန်းဇန်ထောင်က သူ့ဇနီးကိုနှစ်သိမ့်လိုက်တယ်။

"ဟုတ်တယ်။ အဲ့တာက အဆင်ပြေသွားလိမ့်မယ်။" ရှောင်မုလန်က သူမရဲ့မျက်ရည်တွေကို လျင်မြန်စွာသုတ်လိုက်ပြီးတော့ ထောက်ခံလိုက်တယ်။

TYGW's Mr.Lucky (BL) [Myanmar Translation] Book-1Where stories live. Discover now