A Forgotten Love-50[Final Part]

Start from the beginning
                                    

"ပိုင် ဒီနေရာက တကယ့်ကိုအခြားကမ္ဘာလိုပဲ"

"ဘိုးဘိုးဝယ်ထားတဲ့ခြံကိုသာ ရောက်ရင်
ဟန်နီတို့ပိုပြီးသဘောကျသွားကြလိမ့်မယ်"

"ငါတို့အသက်တွေကြီးရင် ဒီလိုအေးအေး
ချမ်းချမ်းရှိတဲ့ နေရာမျိုးမှာပဲ ပိုင်နဲ့အတူတူ
နေချင်တယ်"

"ဟန်နီနေထိုင်ချင်တဲ့ပုံစံအတိုင်း ကိုယ်က
ဖြည့်ဆည်းပေးမှာပေါ့။ဟန်နီဘယ်ကိုပဲ
သွားသွား ကိုယ်ကမင်းအတွက်မေတ္တာ
တွေနဲ့အတူတူ ထပ်ချပ်မခွာလိုက်လာနေမှာ"

"ပိုင်..မင်းက အတတ်ကောင်"

အခြားကမ္ဘာလိုပဲလို့ ဟယ်ရီပြောတော့ ပိုင်လည်း
ထောက်ခံချင်သည်။စိမ်းစိမ်းစိုစိုတောင်တွေဟာ
တစ်ဖက်ကမ်းရွာငယ်အား ပတ်လည်ဝိုင်းနေပြီး
မြေပြင်များက တပြေးညီလည်းမဟုတ်ပေ။
တောင်ကုန်းတွေပေါ်၌တည်ရှိနေသော အိမ်ငယ် များကမူ မှော်ဆန်ဆန်တည်ဆောက်ထားသလိုမျိုးနှယ်။

မြက်ခင်းပြင် စိမ်းနုနုများနှင့်သစ်ပင်ပန်းမန်များ
ဟာ အရောင်အသွေးလည်း စုံရဲ့။ရွာလယ်ကို
ရောက်တော့ တောင်ကျရေတံခွန်သံသည် နီးနီး
ကပ်ကပ်ရှိလှ​၏။လှမ်းမြင်နေရသည့် စမ်းချောင်
ကမူ ငြိမ့်ငြိမ့်ညောင်းညောင်း အေးမြစွာစီးဆင်း
နေမြဲဖြစ်သည်။သားသည် အရာရာကိုတအံ့တဩလေးဖြစ်နေကာ မျက်ဝန်းများသည် စူးစူးစမ်းစမ်းလေးလည်း လိုက်လေ့လာနေသည်။

"ဒေစီတွေ..ပိုင် ဒီမှာဒေစီပန်းတွေ"

"ဖေနယ် မြန်မြန်ရာ..ဒီမှာ လှလှပန်းတွေအားကြီး"

ခြံထဲသို့ရောက်တော့ ကားပေါ်မှ ပြေးဆင်းသွား
သည့် ဟယ်ရီနှင့်သားသည် ပိုင့်ကိုလည်း လှမ်းခေါ် လာကြတော့သည်။တည်တည်တံ့တံ့နေတတ်သောဟန်နီကမူ သားကဲ့သို့ ခုန်ပေါက်မတက်ပျော်နေပုံရသည်။

"တွေ့လား ကိုယ်ပြောသားပဲ။ခြံရဲ့ အနောက်ဘက် မှာ အသီးပင်တွေရှိသေးတယ်။ပြီးတော့ ဘေးဘက် ခြမ်းမှာဆို ကိုယ်တို့ ပျော်ပွဲစားထွက်သလိုမျိုး အခင်းလေးခင်းပြီး နေလို့ရတယ်။ရေတံခွန်နဲ့ဆို တန်းနေတာပဲ"

"ပိုင် ဟိုအပင်က..တည်သီးပင်တွေထင်တယ်နော်။
မြို့ပေါ်မှာလိုမျိုး ကားသံတွေလည်းမကြားရဘူး
တိတ်ဆိတ်နေတာပဲ"

A Forgotten Love[Completed]Where stories live. Discover now