A Forgotten Love-27

16.5K 1K 101
                                    

Unicode

//ပစ်ပယ်ပစ်စမ်းပါလေ..မင်းရဲ့စိတ်လေး
သက်သာလိုသက်သာငြားပေါ့//

အိမ်ကနေထွက်လာပြီးမှ ဖြိုးဖြိုးဖြောက်ဖြောက်
ကျလာတဲ့ မိုးဖွဲတွေကို ဟယ်ရီစိတ်ဆိုးမိ​၏။
ဟုတ်တော့လည်းဟုတ်သည်၊သူထွက်မလာခင်
တုန်းကတော့ နေသာနေသေးသည်လေ။

ဒါကြောင့်မို့လည်း ဟယ်ရီ ထီးလည်းယူမလာ
မိ၊စီးလာသည့်ဖိနပ်ကလည်း ကတ္တီပါနီညိုဖျော့
ရောင်။သည်ကနေ့မှ စိတ်ကူးပေါက်ပြီးဝတ်လာမိတာကလည်း ယောပုဆိုးနဲ့အင်္ကျီလက်တို။

"မသိရင် ဘုန်းကြီးကျောင်းသွားမဲ့ ပုံစံ"

ဟယ်ရီ မအီမသာလေးရေရွတ်မိနေ​၏။
မိုးပေါက်ကျလို့သာပင် တော်ကာကျရော့မည်။
မိုးသာရွာချလာလျှင် ကတ္တီပါဖိနပ်နှင့် ချော်လဲမှာ
တော့ ဟယ်ရီမြင်ယောင်မိသေးသည်။

ထီးလည်းပါမလာတော့ ပုဆိုးခြုံကာ အိမ်ကိုပင်
ပြန်ပြေးရတော့မလိုလို။လမ်းဘေးမှာတစ်ယောက် ထဲရပ်နေရင်း ပြန်ပဲလှည့်ရမလို၊ဆက်ပြီးပဲ သွားရ
မလိုနှင့် ဟယ်ရီ,ဗျာများနေရတော့သည်။

"မထူးပါဘူး နီးနီးလေးပဲ ဆက်သွားလိုက်ရင်
မိုးမိမှာတော့မဟုတ်ဘူး"

သို့နှင့် ဟယ်ရီ့နောက်မှ ပိုင်စိုးကမူ အသံတိတ်ဖြင့် ဆက်လိုက်ရ​၏။ဒါကိုလည်း ဟယ်ရီ သတိထားမိ။ဦးထုပ်လျှာထိုးအနက်ကိုပင် ငိုက်စိုက်စောင်းထား၍ Hoodie အနက်၊ဂျင်းဘောင်းဘီအနက်နှင့်ဖြစ်သော ပိုင်သည် တစ်ကိုယ်လုံး အနက်ချည်းသာဖြစ်နေ
တော့သည်။

လက်၌ချိတ်ထားသော ဂေါက်ထီးလိမ္မော်ရောင်
ကတော့ တစ်ခုတည်းသော အရောင်ကွဲပင်ဖြစ်
သည်။ဟယ်ရီက ကားလည်းယူမလာဘဲ
လမ်းလျှောက်သွားနေတယ်ဆိုကတည်းက
နီးနီးလေးမှန်း ပိုင်စိုးသိသည်။ဟယ်ရီ ဝင်သွား
သည့်ဆိုင်ကိုကြည့်မိတော့မှ ပိုင်စိုးပြုံးလိုက်နိုင်​၏။

"ပြောတော့ ကိုယ့်ကို မချစ်တော့တဲ့ပုံစံနဲ့၊
လွမ်းလို့ထင်တယ် ဒီဆိုင်အထိတောင်"

ဒါ ဟယ်ရီ့ကို ချိုချိုသာသာချဉ်းကပ်ပြီး ပထမဆုံး လိုက်ခဲ့တဲ့ဆိုင်။ဟယ်ရီက နာရီအစား လက်ပတ် တွေကိုသာ ပိုကြိုက်တဲ့သူ။ပြီးတော့ အရောင်တွေနဲ့ပတ်သက်ပြီး အမြဲတမ်း ဝေခွဲရခက်နေတတ်တဲ့သူ။

A Forgotten Love[Completed]Where stories live. Discover now