A Forgotten Love-7

21.5K 1.4K 76
                                    

Unicode

//တိုက်ခိုက်မှုက အပေါစားပြက်လုံးတစ်ပုဒ်//

Feble Cafeဆိုင်​၏အပြန်ဘက် စားပွဲဝိုင်းနေရာ
၌ ရိပ်သစ်နှင့်ဟယ်ရီတို့ ထိုင်ဖြစ်ကြ​၏။
ဟယ်ရီ ခါတိုင်းဆို Americanoတစ်ခွက်ကို
မှာသောက်လေ့ရှိသော်ငြားလည်း ဒီကနေ့တော့ ကော်ဖီအေးတစ်ခွက်ကိုသာ မှာထားဖြစ်သည်။
ရိပ်သစ်က အအေးကိုမသောက်ဘဲ အပူတစ်
ခွက်ကို မှာသည်။ရိပ်သစ် သိမထားမိလိုက်သည်က
ပိုင်စိုးလည်း သူတို့​၏အနောက်ဘက်ခုံ၌ ထိုင်နေခဲ့သည်ဆိုတာကိုပင်။Hoodie အနီဖျော့ရောင်ကို ဝတ်ထားပြီး ခေါင်းစွပ်ကိုဆောင်းထားသည့်အပြင် နှာခေါင်းစည်းMask အမည်းကိုပါ တပ်ထားသေးသည်။ဤရာသီက မိုးတွင်းဘက်မို့သာ အနည်းငယ် မိုးအေးသည်ဟုဆိုနိုင်သည်။

"ငါ့ကိုခေါ်ပြီး ထိုင်ပဲကြည့်နေတော့မှာလား။
မင်းပြောစရာရှိတာကိုပြော ရိပ်သစ်"

"ခင်ဗျားအကောင်နဲ့ ကျွန်တော့်ရဲ့ခုတင်ပေါ်ကအခြေအနေကို မြင်ပြီးတာတောင် အခုထိအသံကောင်းဟစ်နိုင်သေးတာပဲ။ဘယ်ဆိုးလို့လဲ
အရေတော်တော် ထူနေပုံရတယ်နော်"

"မင်းကြိုက်သလိုထင်နိုင်တယ်။ငါက မင်းလို
တော့ အရှက်မဲ့မနေဘူး။ခုတင်ပေါ်က အခြေအနေဆိုတာဘာလဲ..မင်းပါးစပ်နဲ့လုပ်ပေးခဲ့ရတာကို
ပြောချင်တာလား။မင်းက ကုန်းပေးထားရင်
တောင် သူက မင်းကိုလုပ်ခဲ့လို့လား။ဘယ်လို
တောင် အရှက်မဲ့ရတာလဲ"

ဟယ်ရီက ရိပ်သစ်ကို လှောင်သလိုမျက်နှာပေး
ဖြင့်ပြောရင်း ချပေးထားသည့်ရေကို ယူသောက်
ပစ်လိုက်သည်။ဒီပုံစံ၊ဒီအခြေအနေက ရိပ်သစ်
လိုချင်သည့်အခြေအနေမျိုး မဟုတ်ပါပေ။
ပိုင်စိုးနဲ့သူ့ ပုံစံတွေကိုသာ မြင်လိုက်ရရင်
ဟယ်ရီပြိုလဲသွားပြီး ခံစားနေရမဲ့ အခြေအနေ
ကိုပဲ လိုချင်ခဲ့တာ။အဲ့တာတွေအပြင် ပိုင်စိုးနဲ့
ဟယ်ရီ့ရဲ့ဆက်ဆံရေးကိုပါ အပြီးသတ်ဖြစ်သွား
စေချင်တာမျိုး။ဒါပေမဲ့ ဒါတွေကို ရိပ်သစ်တွေ့ရ
မှာ မဟုတ်။

"ခင်ဗျားက တော်တော် ရိုင်းစိုင်းတဲ့ကောင်ပဲ။
အဲဒီ့ ဗီဒီယိုကိုသာ ဖြန့်ပစ်လိုက်ရင် ခင်ဗျား
အကောင်တော့ နာမည်ကြီးသွားလောက်တယ်။ရိပ်သစ်က ကောင်းကောင်းမွန်မွန် ညှိနှိုင်းဖို့ လာ
တာပဲ စိတ်လေးလျှော့စမ်းပါ"

A Forgotten Love[Completed]Where stories live. Discover now