A Forgotten Love-33

15.7K 932 88
                                    

Unicode

//မိုင်တွေဝေးတော့ လူချင်းလည်း ဝေးတယ်။
နှလုံးသားချင်းတော့ နီးစပ်နေနိုင်ပါသေးရဲ့//

Parisမှ Normandyရှိ Étretatကမ်းခြေသို့ ဟယ်ရီတို့ ရက်တိုခရီးထွက်ဖြစ်ကြသည်။Parisမှသွားလျှင် နှစ်နာရီကျော်၊သုံးနာရီမျှကြာသည့် ခရီးလည်းဖြစ် သည်။Jake,ခမ်းနှင့် ဟယ်ရီတို့က လမ်းကျွမ်းကျင် ၍ တစ်လှည့်ဆီ မောင်းလာဖြစ်တော့ Rockyနှင့်
ဇွဲလွန်းပြည့်တို့က အငြိမ့်သားလိုက်လာရတော့ သည်။

"ဟား လှချက်ဗျာ။လမ်းကလည်း ဖြောင့်ဖြူး
နေတာပဲ။ဘေးဘက်နှစ်ဖက်စလုံးက အဲ့တာ
ထင်းရှူးပင်တွေလား"

"လွန်းလွန်း မင်းသိရင် ဘာလို့မေးနေသေးလဲ။
ထင်းရှူးပင်တွေမြင်ရဲ့သားနဲ့ အဲ့တာထင်းရှူး
ပင်တွေလားမေးတော့ ကျုပ်က ဘယ်လိုဖြေပေးရမှာလဲ"

"Rocky ခင်ဗျားနော်..ကျွန်တော့်ကို ရန်မစနဲ့။
ပြီးတော့ ဘာလွန်းလွန်းလဲ..ဘောကို လွန်းနေလိုက်"

ဇွဲလွန်းပြည့် ဒီကိုကျောင်းလာတက်တော့ Rockyပါ ပါလာသည်။Rockyကလည်း တစ်ခါတစ်ရံ Parisမှာ နေတတ်ပေမင့် ခြေမငြိမ်။တစ်ခါတလေ philippinesကိုရောက်သွားလိုက်၊မြန်မာပြည်ကို ပြန်ရောက်လိုက်နှင့် ပတ်ကာနေတတ်သူသာ။
ဇွဲလွန်းပြည့်အား ရန်လိုက်စရသည်က Rocky
ဝါသနာလိုပင်ဖြစ်လာနေ​၏။

"ဒီနှစ်ယောက် တောက်လျှောက်ရန်ဖြစ်လာတာ မမောကြသေးဘူးလား"

"အစ်ကိုကလည်း ကျွန်တော့်ကို အဲ့ကတုံးက
ရန်လိုက်စတာ"

"ဟေ့ဟေ့ ကိုယ်က ကတုံးဆံပင်ပေါက်ပါနော်၊
ဘာကတုံးလဲ"

တကျက်ကျက်ရန်ထဖြစ်ပြန်တော့ ဟယ်ရီလည်း
မတတ်နိုင်။နားလည်း ငြီးလာပြီမို့ နားထဲနားကျပ် သာ တပ်ထားလိုက်ရတော့သည်။

Dean Lewis ရဲ့ Be Alrightကိုသာ ထပ်ခါထပ်ခါ နားထောင်ပစ်မိတော့ မင်းကိုလည်း လွမ်းတယ်။မင်းဆီကနေ ထွက်လာဖြစ်ဖို့ဆိုတာ တကယ်ကို
ခက်ခဲခဲ့တဲ့ ကိစ္စတစ်ရပ်ပေါ့ ပိုင်ရဲ့။

ကားမှန်ကိုချတော့ တိုးဝှေ့လာတဲ့ လေအေးတွေက မျက်နှာပြင်ကို ထိတွေ့ပုတ်ခတ်လာ​၏။ဆံပင်ကို gelဖြင့် လိမ်းကာ လှန်သပ်တင်ထားမှုတို့ကြောင့်
လေလွင့်နေခြင်းတို့လည်းဖြစ်မနေတော့။သီချင်းကို လိုက်ညည်းဖြစ်တော့ ကားထဲ၌ စကားအသံတို့
တိတ်သွားသည်ကို ဟယ်ရီသတိမထားမိလိုက်ပါ။

A Forgotten Love[Completed]Where stories live. Discover now