A Forgotten Love-9

18.3K 1.3K 82
                                    

Unicode

//ငါ့ကို ယစ်မူးစေခဲ့တဲ့ နတ်ဘုရားက
ဒူးရင်းသီးလိုကောင်ပဲ!!//

အင်္ဂါနေ့ ညနေပိုင်း​၏ ရာသီဥတုအခြေအနေ
သည်ကား မိုးရွာတော့မည့် အခြေအနေ၌ ရှိနေ သည်။တဖြည်းဖြည်း ညို့လာသော တိမ်များ
သည် မည်းမှောင်လာကာ မိုးရွာတော့မည်ဟု
အသိပေးနေခဲ့သယောင်။မိုးရွာလိမ့်မည်မှန်းလည်း
ဟယ်ရီ ထင်မထား၍ ထီးလည်းယူမလာမိ။
ကားကိုလည်းထားခဲ့မိကာ ရုံးသို့ Taxiဖြင့်သာ
လာခဲ့သည်။

ဟယ်ရီ​၏ရုံးဆင်းချိန်သို့ရောက်တော့ ရွာချလာ
သည့်မိုးက တိတ်ပင်မတိတ်တော့။

"ဟယ်ရီ ကိုယ်ဒီမှာ"

ဟယ်ရီ မတ်တတ်ရပ်နေရင်း ဘာလုပ်ရမှန်း
မသိဖြစ်နေချိန်၌ ရောက်လာသည့် ပိုင်စိုး
ကြောင့် ကူကယ်ရာကို ရှာတွေ့လိုက်သလိုပင်။
ဂေါက်ထီးလိမ္မော်ရောင်ကို လက်ကကိုင်ထား
ရင်း ရောက်လာသည့် ပိုင်စိုးက အမောတကြီး
ပြေးလာပုံရ​၏။မိုးရေတွေများစိုလာခဲ့ရင် ပိုင်စိုး
ဖျားသွားမှာကို စိုးရိမ်ပြီး ဟယ်ရီက အကဲခတ်
သလိုကြည့်နေမိသည်။မိုးရေမစိုတာ သေချာတော့မှ ပိုင်စိုး​၏ အရှေ့သို့ ဟယ်ရီဆက်လျှောက်သွား
လိုက်သည်။

"ပိုင်စိုး ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။
မင်း ဒီနေ့အလုပ်သွားရပါတယ်။အစောကြီး
ရုံးဆင်းလာတာလား"

"အင်းလေ မိုးရွာမှာကိုသိလို့ ဟယ်ရီ့ဆီကို
အမြန်လာခဲ့တာ။မနက်ထဲက အိမ်ကနေထွက်
သွားတာ ထီးလည်း ယူမသွားဘူး၊ကားလည်း
ယူမသွားတော့ ကိုယ်လာကြိုတာလေ"

"မင်း တကယ်ပြောနေတာလား"

"တကယ်မို့လို့ မင်းအရှေ့မှာ ရောက်နေတာပေါ့
ကွ။လာပါ သွားကြမယ်..ရော့ ငါ့အနွေးထည်
ဝတ်ထားလိုက်၊အေးတယ်"

အမှန်တိုင်းပြောရရင် ပိုင်စိုးရဲ့ဒီလိုဂရုစိုက်မှု
မျိုးတွေက ဟယ်ရီနေမကောင်းဖြစ်မှသာ
တွေ့ရတာ။ကျန်ရှိပြီးခဲ့သည့် သုံးနှစ်တာကာလ
အတွင်းမှာ အခုလိုမျိုး ပိုင်စိုးက လိုက်လာမပေး
တတ်။

နေ့တစ်နေ့ကို ဟယ်ရီမှတ်မိနေသေးသည်။မိုးတွေရွာနေပြီး ဟယ်ရီ ထီးလည်းပါမလာခဲ့သလို၊ကား
လည်းမပါလာခဲ့သည့် ယခုလိုနေ့မျိုးပင်။ပိုင်စိုးကို အားကိုတကြီးဖုန်းခေါ်ခဲ့ဖူးသည်။ပြန်ရသည့် အားကိုးမှု​၏ ရလဒ်က မိုးရေထဲကိုလမ်းလျှောက်ပြန်
ဖြစ်ခဲ့တဲ့အထိ ဟယ်ရီ့ကို သက်ရောက်စေခဲ့တာပါပဲ။

A Forgotten Love[Completed]Where stories live. Discover now