Chapter (31)

Beginne am Anfang
                                    

ဝမ်ဖန်း : “…….”

ဝမ်ဖန်းနဲ့ ကျန်းရုံ တို့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စိုက်ကြည့်လိုက်မိပြီးမှ ဝမ်ဖန်းကပြောလာတယ်။

“နောင်အနာဂတ်မှာ မင်းရရှိမယ့်အရာအားလုံးကို သဘောကျနှစ်ခြိုက်အောင်ကြိုးစားသင့်တယ် အဲဒီရှန်ယန်းဆီက ဘာမှမသင်ယူနဲ့ .. အဲဒါက သူ မလိုချင်တဲ့ အနေအထားမှာမရှိတဲ့အရာကို ရအောင်လုပ်လိုက်တာမျိုးပဲ "

ကျန်းရုံကတော့ အနည်းငယ်မကျေမနပ်ဖြစ်နေတဲ့ပုံရှိသေးတယ် ။ အမှန်တကယ်ကတော့ သူမအနေနဲ့ရှုတ်ထွေးနေဆဲဖြစ်ခဲ့တာ။

ဝမ်ဖန်းသည်လည်းပဲ ရှန်ယန်းကိုဒေါသထွက်နေခဲ့တယ် ။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ သူက ကျိုးရိုနဲ့ ထိုအစီအစဉ်မှာလက်မှတ်ထိုးနိုင်အောင်ကြိုးစားပြီးတော့ မျက်နှာသာရဖို့ကြိုးစားရဦးမယ်။

ကျိုးရိုက တကယ့်ကိုစမတ်ကျတဲ့အေးဂျင့်တစ်ယောက်ပဲ။ သူမက ကျန်းရုံမှ ရှန်ယန်းထံမှာမေးမြန်းဖို့ကြိုးစားနေကြောက်းကိုခန့်မှန်းမိပေမယ့်လည်း ဘာတစ်ခုမှပြောလာခြင်းမရှိခဲ့ဘူးလေ။

အဆုံးမှာတော့ သူမက ရှန်းရှဒရမ်မာရဲ့လူရွေးပွဲအတွက်အခွင့်အရေးရှိပါ့မလားဆိုတာကိုလည်း မသိနိုင်သေးဘူး။

ရှန်ယန်းနဲ့စကားပြောကြည့်ပြီးတဲ့နောက်မှာ ကျိုးရိုက ရှန်ယန်းလည်းပဲ သူမလိုမျိုးတွေးနေလိမ့်မယ်လို့ထင်ခဲ့တယ်။ ဒါပေမယ့် ဘယ်သူကများ ရှန်းယန်းက သူမကိုပြောလာတဲ့စကားမျိုးကို ကြားရလိမ့်မယ်လို့ထင်မိမှာလဲ။

"တကယ်လို့ သူမသာ သန်မာခဲ့ရင် သူမ လိုချင်တဲ့အနိုင်ရရှိမှုမျိုးကို ရနိုင်လိမ့်မယ်"

"ယန်းယန်း မင်းက ငယ်ရွယ်ပြီးမသိနားမလည်တာတွေရှိနေတုန်းပဲ .. သူမ လိုချင်တဲ့အောင်နိုင်မှုမျိုးကို အောင်နိုင်လာလိမ့်မယ် ဆိုတာက ဘာကိုပြောချင်တာလဲ .. မင်းအောင်မြင်ချင်ရင် မှီခိုအားထားစရာတစ်ခုခုလိုတယ်လို့ပြောချင်တာလား "

"အစ်မကျိုး .. အနုပညာအသိုင်းအဝိုင်းထဲမှာရပ်တည်ဖို့ အစ်မရဲ့သန်မာမှုအပေါ်မှာမူတည်တယ်လို့ ကျွန်မတွေးနေတာ "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Wo Geschichten leben. Entdecke jetzt