ခရီးဆောင်အိတ်ကိုဆွဲယူပြီးတာနဲ့ ရှန်ယန်းနဲ့ ကျိုးရို တို့နှစ်ယောက် လေဆိပ်ထဲသို့ လျှင်မြန်စွာထွက်လာခဲ့တယ်။ အနုပညာအသိုင်းအဝိုင်းထဲမှာ ရှန်ယန်းရဲ့ နာမည်က အရမ်းကြီးမကျော်ကြားသေးတဲ့အတွက် သူမနောက်ကိုအတိုးအဝှေ့လိုက်မယ့်ပရိတ်သတ်တွေမရှိသေးတာကြောင့် အနှောင့်အယှက်ကင်းကင်းနဲ့ လေဆိပ်ထဲကိုရောက်ရှိသွားတယ်။

ဝမ်ဖန်းက လေဆိပ်ထဲကိုဝင်သွားတဲ့နှစ်ယောက်ကိုကြည့်ပြီး ကျန်းရုံရဲ့အနီးကိုတိုးကပ်သွားလိုက်တော့ ကျန်းရုံရဲ့စိတ်ရှုတ်ထွေးနေတဲ့အမူအယာကြောင့်မေးမြန်းလိုက်တယ်။

“ရှန်ယန်းက မင်းကိုစကားပြန်မပြောခဲ့ဘူးလား ah?'

ကျန်းရုံက ဘာမှပြန်လည်မဖြေကြားခဲ့ဘူး။

"ရှန်ယန်းက သူပါဝင်မယ့် Talent showအကြောင်းကို မင်းသွားမှာစိုးလို့ ပြောမသွားဘူးမလား ငါ အဲဒီကိစ္စကို ကျိုးရိုနဲ့ပြောကြည့်ဦးမယ် "

ဝမ်ဖန်းရဲ့စိတ်ထဲမှာ Shen Yanက အကျင့်ကောင်းမွန်တဲ့ပုံစံမျိုးရှိပေမယ့် တုံးအတဲ့သူမဟုတ်ဘူးဆိုတာ သိနေခဲ့တယ်။ သူမက တစ်ယောက်ယောက်နဲ့တိုက်ခိုက်တတ်တဲ့သူမျိုးမဟုတ်ဘူး။

ဒီတော့ သူမက ကျန်းရုံအတွက် အခွင့်အရေးရစေမယ့်ကိစ္စမျိုးကိုပြောမှာမဟုတ်ဘူးဆိုတာ သိနေတယ်။ တကယ်လို့ သူတို့သာ အဲဒီအစီအစဉ်က အရေးပါတဲ့အခွင့်အလမ်းရှိနိုင်မယ်ဆိုတာသိခဲ့ရင် ကျန်းရုံကို အဲဒီအစီအစဉ်ထဲကိုပါဝင်ခိုင်းခဲ့မှာပဲလေ။

အဲဒီကိစ္စကိုသာ သိသွားရင် ရှန်ယန်းအတွက် ပြိုင်ဘက်တစ်ယောက်ရှိလာနိုင်တယ်လေ။

“အဲဒါက TV ဇာတ်လမ်းတွဲတဲ့ .. Xianlu အတွက်  ရှန်ရှဒရမ်မာဇာတ်လမ်းလို့ပြောသွားတယ် "

“Ah?”

ဝမ်ဖန်းရဲ့မျက်နှာပေါ်မှာလဲ စိတ်ရှုတ်ထွေးမှုတွေပြည့်နှက်သွားတယ်။ အဲဒီရှန်ယန်းကကို သူနည်းနည်းလေးတောင် နားမလည်နိုင်ဘူးပဲ ah ။

“ရှန်ယန်းကို မင်း ဘယ်လိုမေးလိုက်လို့လဲ "

“ရှန်ယန်းက ကျွန်မကို ဘာလိုချင်လို့လဲဆိုပြီးတိုက်ရိုက်မေးခဲ့တာ ဒါနဲ့ ကျွန်မလည်းသူ့ကိုတိုက်ရိုက်ပဲပြန်ဖြေတော့ သူကအဲလိုပြောသွားတာပဲ"

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now