မိုးစက်ချိုခေါင်းလေးညိမ့်ပြီး
"ဟုတ်ကဲ့"ဒါနဲ့ပဲဘေလ်ရှင်းပြီးနှစ်ယောက်သားဆိုင်ကနေထွက်လာကြသည်၊၊မိုးစက်ချိုကိုကောင်းမြတ်ကိုအားနာတာမို့လမ်းထိပ်မှာပဲရပ်ပေးဖို့ပြောသည်၊၊ကိုကောင်းမြတ်ကလည်းအိမ်ရှေ့ထိကိုလိုက်ပို့လေသည်၊၊
မိုးစက်ချိုကားပေါ်ကဆင်းဖို့လုပ်တော့
"ဟို....ဟိုမိုးစက်ခဏလေး"မိုးစက်ချိုကိုကောင်းမြတ်ကိုကြည့်ပြီး
"ဟုတ်ပြောပါကိုကောင်းမြတ်"ကိုကောင်းမြတ်တွန့်ဆုတ်တွန့်ဆုတ်ထစ်ထစ်ငေါ့ငေါ့ဖြင့်
"ကိုယ် မိုးစက်ကိုချစ်တယ်"မိုးစက်ရိပ်မိသည်မို့မအံသြပေမဲ့ရုတ်တရတ်ချစ်ရေးဆိုခဲ့ရသည်မို့နေရတော့ခက်မိသည်၊၊လမင်းငယ်ခြံထဲဆင်းလာတာမြင်သည်မို့မိုးစက်ချိုကားပေါ်ကမြန်မြန်ဆင်းလိုက်လေသည်၊၊
ကိုကောင်းမြတ်ကလည်းအလိုက်သိသူမို့ဘာမှမပြောဘဲမောင်းထွက်သွားသည်၊၊ကားထွက်သွားတာနဲ့မိုးစက်ချိုခြံတံခါးဖွင့်ကာဝင်လိုက်သည်၊၊
"နင်ဘာလို့နောက်ကျနေတာလဲ"
မိုးစက်ချို လမင်းငယ်ကိုပြန်မဖြေဘဲအိမ်ထဲကိုဝင်လေသည်၊၊လမင်းငယ်ကလည်းမိုးစက်ချိုနောက်ကနေလိုက်လာနေသည်၊၊
မိုးစက်ချို ဘေစင်ပေါ်ထမင်းချိုင့်ကိုတင်ပြီးမီးဖိုချောင်ကထွက်ဖို့အလုပ်
"နင်ဒါဘာသဘောလဲ
ငါမေးနေတာဘာလို့အဖက်မလုပ်တာလဲ"မိုးစက်ချိုလက်မောင်းကိုဆွဲကာပြောလေသည်၊၊"မမ ငယ်လေးနဲ့စကားမများချင်ဘူး"
"အပိုတွေပြောမနေနဲ့ငါမေးတာဖြေ"
မိုးစက်ချို လမင်းငယ်လက်ကိုပုတ်ချပြီးသူမအခန်းဆီသို့လျှောက်သွားလေသည်၊၊လမင်းငယ်ကလည်းတကောက်ကောက်လိုက်ပြန်လေသည်၊၊
မိုးစက်ချိုအိတ်ကိုနံရံကချိတ်မှာချိတ်လိုက်လေသည်၊၊
လမင်းငယ် မိုးစက်ချိုရှေ့ရပ်ပြီး
"နင်ဘာလို့မဖြေတာလဲ
နင်နောက်ကျတာသူနဲ့အလေလိုက်နေလို့လား"စိတ်မရှည်စွာနဲ့အော်လိုက်လေသည်၊၊
![](https://img.wattpad.com/cover/275827502-288-k189024.jpg)
အပိုင်း(၇)
Start from the beginning