သူတို့ကလည်း ဒီဆေးရုံကြီးမှာ Duty cote လေးတွေနဲ့ အလုပ်သင်ဆင်းနေကြလေပြီ။

ကိုယ်ကသာ ကိုကို့အနားက မခွာချင်သူမို့ အလုပ်သင်ကို 1 လလောက် နားထားဖို့ပင် တွေးမိသေးသည်။

ကိုကို ဆိုသည်မှာလည်း ကိုယ့်အကြောင်းကို မသိတာ မရှိသည်မို့ Yibo ကို သူ့အနားကနေလည်း မခွာစေပဲ အလုပ်သင်ဆင်းနိုင်ရန် ကူညီပေးခဲ့သည်။

လူနာကို လက်တွေ့ကျကျပြုစုရသော အလုပ်သင်ပေါက်စလေးအဖြစ် ကိုကို့အနားမှာနေပြီး တစ်ချို့သော အချိန်တွေမှာမှ ဒေါက်တာရှင်းချန်တို့ အနောက်ကို လန်ညီအကိုနှစ်ယောက်နှင့်အတူလိုက်ရင်း လေ့လာမှတ်သားရသည်။

'တစ်ချက်ခုတ် နှစ်ချက်ပြတ်' ဆိုပေမယ့် ကိုကို ဆေးရုံကဆင်းပြီး စိတ်ချရသည့်အခါမှာလည်း 'အလုပ်သင် အချိန်ပို 1 လ ပိုဆင်းရမည်' ဟူသော ကိုကို့ရဲ့တောင်းဆိုချက်ကိုလည်း Yibo မငြင်းခဲ့.....။

ထိုအချိန်တွေမှာတော့ 'သူကိုယ်တိုင် ကားအကြိုအပို့လုပ်ပေးမယ်...' ဟုလည်း ကိုကို့ဘက်က ကတိပြန်ပေးခဲ့သည်။

'တကယ်တော်ပြီး လူတိုင်း အားကိုးအားထားပြုရတဲ့ Duty cote ဝတ် ဒေါက်တာလေးကို ကိုကိုက ဂုဏ်ယူဝံ့ကြွားစွာ မြင်ချင်ပါသည်' တဲ့လေ.....။

ကိုကို့ရဲ့ဆန္ဒဟာ Yibo ရဲ့ဆန္ဒဖြစ်တာကြောင့် ကိုကို ဖြစ်စေချင်သမျှကို တစ်ချက် မညည်းပဲ စိတ်ဝင်တစား ကြိုးစားပမ်းစား သူ လုပ်ကိုင်ပေးသည်။

အလုပ်ပြီးချိန် ကိုကို့ရဲ့လူနာကုတင်အနားကို Yibo ပြန်ရောက်လာချိန်တိုင်း
ကိုကို့ဆီကနေ လက်မလေးထောင်ပြကာ
'ကိုကို့ရဲ့ကလေးလေးက အတော်ဆုံးပဲ' လို့ အပြုံးနုနုလေးနဲ့ နူးညံ့စွာ ချီးကျူးစကားဆိုလိုက်တိုင်း Yibo ရင်ထဲမှာ ကြည်နူးဝမ်းသာစိတ်တွေနဲ့ ပင်ပမ်းထားသမျှတွေလည်း ယူပစ်သလို ပျောက်ကင်းသွားရစမြဲ.....။

အတွေးနယ်လွန်နေပြီး သူ့လူကြီးမျက်နှာကိုပဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကာ တစ်ယောက်တည်း ပြုံးနေလေသည့် Yibo ကြောင့် အခန်းထဲကို အခြေအနေလာမေးကြသော ကျင်းရီနဲ့စစ်ကျွေးက လူပိုကြီးတွေလို ခံစားလာရပြီးနောက် Yibo ကိုကြည့်ကာ စိတ်ထဲ ချဥ်လာကြလေသည်။ 

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now