Shen Yan လမ်းခွဲလိုက်ပြီဆိုတာ Zhuo Ruo မသိသေးတာကြောင့် သူမကိုရည်းစားရှိနေသေးတယ်လို့ပဲထင်နေတာဖြစ်တယ် ။

Zhuo Ruo ဘာကိုပြောချင်လဲဆိုတာ သူမနားလည်ပြီးတဲ့နောက်မှတော့ Shen Yan က အသာပြုံးလိုက်ပြီးပြောလာတယ်။

“ကျွန်မမှာ ရည်းစားမရှိပါဘူး”

" ရည်းစားမရှိဘူး???"

ခဏလောက်ရပ်ပြီးတော့မှ Zhou Ruo ကဆက်ပြောလာခဲ့တယ်။

" အဲ့ဒါဆိုရင်တော့ ငါမပြောတော့ပါဘူး ၊ အခုဒါကို ရှင်းပြဖို့အတွက် ပို့စ်တစ်ခုတင်လိုက် ၊ နောက်ပိုင်းမင်းမှာ ရည်းစားရှိလာခဲ့ရင် ငါ့ကို ပထမဦးဆုံးပြောပြရမယ် "

Zhuo Ruo ပြောချင်တဲ့အဓိပ္ပါယ်က Shen Yan ကို ရည်းစားမထားစေချင်သေးဘူး ။ တကယ်လို့ရည်းစားရှိနေခဲ့မယ်ဆိုရင် သူမရဲ့ နာမည်ကြီးမယ့် အခွင့်အ​ရေးကိုနှောင့်နှေးစေလိမ့်မယ် ။

Shen Yan ကအခုချိန်မှာအချစ်ကိစ္စနဲ့ပတ်သတ်ရင်အနည်းငယ်လောက်သာ စိတ်ဝင်စားမှုရှိတော့တာဖြစ်တယ် ။ သူမအရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တဲ့အနုပညာလုပ်ငန်းမှာ ပိုကြိုးစားပြီးအောင်မြင်အောင်လုပ်ရဦးမယ်လေ ၊ ဘာကြောင့်များ ရည်းစားရှာရမှာလဲ ။

Shen Yan က Zhou Ruo စကားကို yes လို့ ဖြေပြီးတဲ့နောက်မှာတော့ သူမရဲ့ဖုန်းကိုယူကာ weiboမှာ ဖြေရှင်းတဲ့ post တစ်ခုတင်လိုက်တယ် ။ 

[ Shen Yan: ငါ့မှာရည်းစားမရှိပါဘူး ၊ ငါ့နှလုံးသားထဲမှာ strawberries  လေးတွေနဲ့ပြည့်နေတယ်  အဲဒါကအရမ်းအရသာရှိတာပဲ ]

T/N strawberries ဆိုတာက shen Yan က သူ့fanလေးတွေအပေါ်ထားတဲ့အချစ်ကိုပြောတာထင်တယ် ။

Shen Yan ပိုစ့်တင်ပြီးတဲ့နောက်မှာ သူမရဲ့ဖန်တွေက ရည်းစားကောင်လေးတွေဟာ စတော်ဘယ်ရီလောက်မချိုဘူး ဆိုပြီးပြောလာကြတယ်။

သူမ ဖြေရှင်းတဲ့ post တင်ပြီးတဲ့နောက်မှာတော့ Zhou Ruo ကိုသာ အာရုံစိုက်ပြီး မေးခွန်းမေးခဲ့တယ် ။

" အမ Zhou, ရှန်းရှဒရမ်မာရဲ့ လူ​ရွေးပွဲအကြောင်း အမဘာသိထားသေးလဲ "

" တခြားလူရွေးပွဲတွေနဲ့ တိုက်မနေတာကြောင့် မင်းလက်မှတ်ထိုးချင်ရင်ထိုးလို့ရတယ် ၊ ဒါနဲ့ စကားမစပ် TV  ဇာတ်လမ်းတွဲအတွက်လူရွေးပွဲက သဘက်ခါဆိုတော့ ငါမင်းနဲ့အတူလိုက်ခဲ့ပေးမယ် "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now