အဲ့ဒါကအရမ်းကိုဖရိုဖရဲဖြစ်နေပြီး နောက်ဆုံးမှာတော့ He Han ကို ကူညီဖို့ လုံခြုံရေးအဖွဲ့တွေပါ ရောက်လာရတယ် ။

ချန်ဖေးရိုက်ကူးရေးအဖွဲ့သားတွေဟာ နာမည်မရှိသေးတဲ့ ဇာတ်လမ်းတွဲအဖွဲ့မှသည် weibo မှာနံပါတ်1ရှာဖွေမှုမြင့်မားတဲ့ အမည်ရအဖွဲ့အဖြစ်ပြောင်းလဲသွားတယ်။ နောက်ပြီး သူတို့က He Hanကိုယုံကြည်ခဲ့တဲ့အတွက် ငွေကြေးတွေဆုံးရှုံးရတဲ့အပေါ်မှာလည်း အင်တာနက်အသုံးပြုသူတွေက သူတို့ရဲ့ IQကိုရှုံ့ချခဲ့ကြတယ်။

Shen Yan ကတော့ လူသိများထင်ရှားစေနိုင်တဲ့အခွင့်အရေးရရှိခဲ့ပြီး သူမရဲ့မျက်နှာလေးက လူအများရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့တယ်။ သူရဲ့ရဲ့ weibo အကောင့် followerတွေကလည်း 30,000ကျော်မှသည် 100,000အထိတိုင် တိုးမြင့်သွားခဲ့တယ်။ ဒါက မထင်မှတ်ထားရလောက်အောင်ကိုခုန်တက်သွားခဲ့တာပဲ။

Zhuo Ruo ကဦးစွာ Shen Yan ဆီကိုဆက်သွယ်လာခဲ့တယ် ။

" မင်းအခုဘယ်မှာလဲ?"

" ကျွန်မမြို့ထဲရောက်နေပြီ ရှင့်ကိုဖုန်းဆက်တော့မလို့ "

"  companyကို တန်းလာခဲ့  မင်း weiboကသတင်းတွေဖတ်ပြီးရင် ဘာမှreply မပြန်နဲ့ ၊ ဘာပို့စ်မှလဲမတင်နဲ့နော် ၊ မင်းရောက်လာရင် ငါမင်းကိုပြောစရာရှိတယ် "

“Okay.”

နာရီဝက်လောက်ကြာပြီးတဲ့နောက်မှာတော့ Shen Yanက Zhuo Ruo ရဲ့ ရုံးခန်းထဲမှာထိုင်နေခဲ့တယ် ။

" ဒီအနုပညာလုပ်ငန်းမှာ ဘယ်သူက နာမည်ကြီးလာမယ့်သူ ဖြစ်လာနိုင်လား မဖြစ်လာနိုင်ဘူးလားဆိုတာ မင်းဘယ်လိုမှခန့်မှန်းလို့မရနိုင်ဘူး ၊ ဒါပေမဲ့ မင်းမှာနာမည်ကြီးနိုင်မဲ့အခွင့်အရေးရှိလာရင် အဲ့ဒါကိုဆုတ်ကိုင်ထားနိုင်မယ် ၊ အခုချိန်ကမင်းအတွက် အကောင်းဆုံးအခွင့်အရေးပဲ "

Zhuo Rup က အနောက်သို့လှည့်လိုက်ပြီး

" မင်းလိုမျိုးအနုပညာရှင်တွေက လှပတဲ့မျက်နှာကြောင့် နည်းနည်းလောက်အောင်မြင်လာကြပေမယ့် ရည်းစားရှိနေတယ်ဆိုတာကိုဖွင့်ပြောလိုက်ရင် အဲဒီအောင်မြင်မှုကတည်မြဲမှာမဟုတ်ဘူး "

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now