A Forgotten Love-43

Start from the beginning
                                    

ဟယ်ရီ့​၏ဆံနွယ်နူးနူးညံ့ညံ့များအား ပိုင်ကထိ
တွေ့ရတော့ ပိုင့်လက်ဖျားတွေဟာ တုန်ယင်နေ​၏။ခေါင်းလျှော်ရည်အနံ့သင်းသင်းလေးက ဆံပင်
တွေလှုပ်ခါသွားတိုင်း၊သို့မဟုတ် သူကတိုးကပ်မိသွားတိုင်း အနံ့သည်သင်းနေဆဲထွက်ပေါ်နေတတ် သည်။

"ဟယ်ရီ့ဆံပင်တွေက ကိုင်လို့ကောင်းတယ်။
ဖွဖွလေးပဲ စည်းပေးမယ်နော်၊တင်းတင်းစည်းရင် ဟန်နီခေါင်းကိုက်မှာ စိုးလို့။ပြီးတော့ ဆံပင်တွေ
က ကပိုကရိုလေးကျနေရင် ပိုပြီးကြည့်ကောင်း
တယ်"

"ပိုင့်သဘော..ပိုင့်စိတ်ကြိုက်သာ စည်းပေး"

ကုပ်ပိုးသားကို ဖိခပ်နမ်းလာတဲ့ ပိုင့်နှုတ်ခမ်း
သားတွေ။ဆံပင်ကို ပြန်စည်းနှောင်ပေးနေရင်း
ပိုင်က အသံတိတ်နေသည်။ဆံသားအချို့က
ပြေလျော့လျော့လေးလည်းကျနေတော့ ပိုင့်မှာ
သဘောတကျလည်းရှိပြီး၊ကျေနပ်တကြီးလည်း
ဖြစ်နေသည့်ပုံပင်။

"ပိုင်.."

"အင်း ဟန်နီ.."

"ပိုင်ပျော်ပျော်နေပါ..ဒါဆို ငါ့အတွက်
လုံလောက်ပြီ။ငါသိသွားမှာကို ပိုင်စိုးရိမ်
နေတဲ့ကိစ္စတွေရှိရင်လည်း ဘယ်လိုအခြေ
အနေ၊ဘာကိစ္စပဲဖြစ်ဖြစ် ပိုင့်ကိုအပြစ်မတင်
ဘူး၊အပြစ်လို့လည်း မမြင်ရက်ပါဘူး"

"ပိုင့်အပေါ် တစ်ကြိမ်တစ်ခါလောက်
စိတ်နာပြီး စွန့်ခွာခဲ့ရတာနဲ့တင် လုံလောက်
​နေပြီပဲ။ဒါကြောင့် ပိုင်,ကြောက်မနေပါနဲ့။
ကံကြမ္မာကို ယုံယုံကြည်ကြည်နဲ့ ကိုယ့်ကိုပဲ
ချစ်ပေးပါ။အချစ်တွေ၊မေတ္တာတွေ၊
ပျော်ရွှင်မှုတွေစတဲ့ ကောင်းခြင်းတွေကိုပဲ
ပိုင်က အပိုင်စားရယူပါ။ဒါဆိုရင်ပဲ မင်းဆီ
ပြန်လာရကျိုးနပ်ပြီ"

"ဟယ်ရီမြတ်သာအပေါ်ကို ကိုယ်ဘာကြောင့်
ရက်စက်ပစ်ခဲ့ရတာလဲ။ကိုယ့်မှာ အတ္တတွေနဲ့
မင်းကိုလည်း မွန်းကြပ်စေခဲ့တယ်။စိတ်ချပါ
ဟန်နီ ကိုယ်..မင်းစကားကို နားထောင်ပါ့မယ်။
ဟန်နီ့ကို ချစ်တယ်နော် ဒါကိုအမြဲတမ်း
သတိရနေပေးပါ။ဟယ်ရီ့အနားမှာ ကိုယ်က
တစ်သက်လုံး ကပ်ပါးကောင်လို ကပ်တွယ်
နေမှာ"

A Forgotten Love[Completed]Where stories live. Discover now