二 (U)

2.3K 276 21
                                    

အဲ့ဒီလူ ...

အဲ့ဒီလူက အိမ်​ရှေ့စံရဲ့ ချစ်သူ ...

အဲ့ဒီလူက သိပ်ချစ်ဟန် ပြခဲ့ပါတယ် ။

နူးညံစွာ ၊ ​နွေး​ထွေးစွာ ... သူတို့ ချစ်ခဲ့တယ် ။

_________________

ခါတိုင်းလာနိုးဖို့ အမိန့်​ပေးရတဲ့ အဲ့ဒီလူဟာ အခု​​တော့အိမ်​ရှေ့စံ အိပ်ယာထတိုင်း ​မျက်နှာသစ်ဇလုံနဲ့ ပုဝါကိုင်ကို အဆင်သင့်လုပ်လို့ ​စောင့်​နေပါသတဲ့ ... ။

"ဘယ်​လောက် ကျက်သ​ရေရှိသလဲဗျာ "

" ဘာကိုလဲ ?"

"ခင်ဗျား မျက်နှာ ​မနက်စော​စောမြင်ရတာ​လေ
ငါဖြင့် ဘုံ​ကျောင်းသွားစရာမလိုဘဲ ဆု​တောင်းပြည့်​နေပါလား "

အဲ့ဒီလူက အိမ်​​ရှေ့စံ ပါး​ဖောင်း​ဖောင်းကို နှစ်ဝင်သွား​အောင် နမ်းလိုက်တယ် ။

" စကားတတ်​လေး ... အရမ်း စကားမများနဲ့
အာပုတ်​စော်နံတယ် ... "

"အဲ့ဒီ နံနံက​လေးကို နမ်းစမ်းပါဗျ ​မွှေးသွား​အောင် ..."

အိမ်​ရှေ့စံ ဒီအတိုင်း ​ပြောလိုက်​ပေမဲ့ အဲ့ဒီလူက တကယ်နမ်းလာတယ် ။ အိမ်​​ရှေ့စံ အံသြသွားတယ်။

" ​နောက်ဆို မင်း​ပြောစရာမလိုဘဲ ကိုယ် ဖြည့်ဆည်း​ပေးပါ့မယ် "

အိမ်​ရှေ့စံ အဲ့ဒီလူရဲ့ ပုခုံး​ပေါ် မှီချလိုက်တယ် ။

အဲ့ဒီလူဟာ ကတိတည်သူ ဖြစ်ခဲ့တယ် ။

__________

အိမ်​ရှေ့စံက အနားမှာ အမြဲတမ်း ရှိ​​နေပေးခဲ့တယ်။

သူတို့အတူတူ နန်းတွင်း ၊ နန်းပြင် အတူတကွ လည်ပတ်သွားလာခဲ့ကြတယ် ။

တစ်ချိုသူ​တွေ​ကြောင့် အိမ်​ရှေ့စံ သဝန်တိုရတဲ့အခါ လက်တစ်ဖက်ကို လာဆွဲကိုင်တဲ့သူက အဲ့ဒီလူ ဖြစ်ခဲ့တယ် ။

အိမ်​ရှေ့စံရဲ့ အိပ်ချိန်တိုင်း ၊ ထချိန်တိုင်း ၊ စားချိန်တိုင်း ၊ ​ဘေးနားက အဲ့ဒီလူ အမြဲတမ်း ရှိ​နေခဲ့တယ် ။

.
.
.

ဂရုစိုက်တယ် ။ ​နွေး​ထွေးတယ် ။
အကာအကွယ်ပေးတယ် ။ လိုတရ ဖြစ်​စေတယ် ။

Hello......Mr.Wind ( complete )Tahanan ng mga kuwento. Tumuklas ngayon