三 (U)

2.4K 301 38
                                    

* ​နောက်ဆုံး​တော့
ခင်ဗျားဘဲ ငါ့ကို ထားသွားပြန်တာဘဲ
ငါက အရူးတစ်​ယောက်လို ကျန်ခဲ့ရပြန်တယ် *

ဒီတစ်ခါ​​တော့ နန်း​တော်မှာ ၁၈ နှစ်အရွယ်ရဲ့ ​အိမ်​ရှေ့စံလေးရဲ့ နာကျင်စွာ ရှိုက်ငိုနေသံ ကြားလိမ့်မယ် ။

* ခင်ဗျားက ငါ့ကို ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဘဲ *

အိမ်​ရှေ့သံဟာ အကြာကြီး ငို​နေခဲ့တယ် ။

.
.
.
.
.
.

ရုတ်တရက်

ခွေး​တွေ ဆွဲဆွဲငင်ငင် အူလာကြတယ်။
​လေပြင်း​တွေက ​တ​ဝေါ​ဝေါတိုက်လာတယ် ။

သစ်ရွက်​ခြောက်​တွေ အများကြီးဟာ ​လေ​​ဗွေပုံစံလို ​ကြွေ​​နေတယ် ။ ​လေထဲက​နေ ခြူသံ​တွေ ကြားတယ်။

​လေ​တွေ ပိုပြင်းလာတယ် ။
​မြေကြီး​ပေါ်က သွေး​​​တွေက တစ်စက်ချင်းကြွလာကြတယ် ။ သူတို့ စု​ဝေးသွားကြတယ် ။

အလုံးလိုက်ပြတ်​နေတဲ့ အဲ့ဒီ​ခေါင်းကလဲ ​လေ​ပေါ်​မြောက်လာတယ် ။ ​သွေး​တွေနဲ့အတူ စု​​ဝေးသွားပြီး ခန္ဓာကိုယ်နဲ့ ပြတ်ဆက်သွားတယ် ။

အိမ်​ရှေ့စံ ​ခေါင်းဖြတ်လိုက်တဲ့သူမဟာ ​​ပြတ်ဆက်သွားပြီး ​လေ​ပေါ်​မြောက်သွားတယ် ။

တကျွတ်ကျွတ် အသံမြည်​အောင် အရိုး​တွေချိုးရင်း သွားကြီးကြီး​တွေနဲ့ နှုတ်ခမ်းအတိပြုံးရယ်ပြလာတယ်။

" ဟား ဟား ဟား
​ကောင်​လေး ... မင်းငယ်ပါ​သေးတယ် "

အဲ့ဒီမိန်းမက အသံနက်ကြီးနဲ့ရယ်တယ် ။
အိမ်​ရှေ့စံ သိလိုက်တာ အဲ့ဒီမိန်းမက လူမဟုတ်ဘူးဆိုတာဘဲ... ။

မျက်လုံးပြူးပြူး​တွေ ၊ မျက်စံနက်နက်​တွေက မျက်လုံးတစ်ခုလုံး အမဲ​ရောင် ဖြစ်သည်အထိ ကြီးလာတယ်။

*အဲ့ဒီမိန်းမက ဘာကြီးလဲ *

သူမရဲ့ လက်​တွေ ​လေ​ပေါ် ​မြောက်လိုက်တဲ့အခါ အမည်း​ရောင် အခိုးအ​ငွေ့​တွေက အဲ့ဒီလူရဲ့ ကိုယ်​​ပေါ် ဖြန့်သွားတယ် ။

တစ်ကိုယ်လုံးကို အနက်​ရောင်​တွေ ဝှိုက်​နေပြီး အဲ့ဒီလူဟာ ​လေ​ပေါ် ​မြောက်တက်သွားတယ် ။

Hello......Mr.Wind ( complete )Onde histórias criam vida. Descubra agora