一 (U)

7K 355 38
                                    

​နန်း​တော်ရဲ့ အ​ရှေ့ဘက် ရင်ပြင်ဝယ် ...

အဖြူ​ရောင်ကို ​​​ရွှေ​ရောင်အနားသတ်ထားတဲ့ ပိုးသား ဝတ်ရုံနဲ့ အိမ်​ရှေ့စံက ​ခေါင်းကိုငုံ့လို့ လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ရင်း ဒူး​ထောက်​နေတယ် ။

.
.
.

သူရဲ့ ပါးပြင်မှာ မျက်ရည်​တွေ ကျ​နေတယ် ။
နှလုံးသားလဲ ထိုနည်းတူစွာ ​သွေးစိမ်းရှင်ရှင် ကျလျက် ...

* မုန်းတယ် *

* အူထဲအသည်းထဲအထိ ... ရွံမုန်းတယ် *

ဒီထက်နာစရာ စကားရှိရင် အဲ့ဒီလူရဲ့ မျက်နှာကို တံ​တွေး​ထွေးလို့ မျက်လုံး​တွေ ​စေ့​စေ့ကြည့်ပြီး ​ပြောမယ်။

အဲ့ဒီလူရဲ့ နှလုံးသားကို ကျောက်စိမ်းဓါး စိုက်ပစ်မယ်။

ဆံပင်​တွေကို ဖြတ်လို့ ဝတ်ရုံ ချုပ်ပြီး ၊ မျက်လုံးကို ​ဆေးရည်စိမ်လို့ သိမ်းထားပစ်မယ် ။

သွား​တွေကို ငါရဲ့ များပြားလှ​သော ​ကျောက်မျက်ရတနာတွေထဲက ဘယ်တော့မှ ထုတ်မဝတ်ဘဲ အမြဲသိမ်းထားရတဲ့ အရာ​တွေ ဖြစ်​စေမယ်။

အဲ့ဒီလူရဲ့ ဝိဥာဥ်ကို ချုပ်ပိတ်ပြီး ငါရဲ့ အိပ်​​ဆောင်မှာဘဲ တဝဲလည်လည် ပိတ်ထား စေမယ် ။

အဲ့ဒီလူရဲ့ အ​လောင်းဟာ ငါ အပန်း​ဖြေတဲ့ ဥယာဥ်ရဲ့ ​မြေသြဇာ ဖြစ်​စေရမယ် ။

အဲ့ဒီလူနဲ့ ပတ်သက်သမျှဟာ ...
ဘာတစ်ခုမှ ငါနဲ့ ​ဝေးကွာခွင့်မရဘဲ ထာဝရ ငါ့အနားမှာဘဲ ချိတ်ပိတ်​နေ​စေရမယ်။

ငါ အဲ့သည်​လောက်ထိ အဲ့လူကို မုန်းတယ် ။

" ကျွီ !"

နန်း​ဆောင် တံခါးဟာ ပွင့်လာတယ် ။

အနီ​ရောင် ဝတ်စုံနဲ့ မိန်းမတစ်ဦးထွက်လာတယ် ။

သူ့ကို ​တွေ့​တော့ အဲ့ဒီမိန်းမ သူမရဲ့ နှုတ်ခမ်းကို ​တွန့်​ကွေးလို့ ​လှောင်ပြုံးပြုံးတယ် ။

အဲ့ဒီ​နောက် သူမရဲ့ ပုခုံးအထိ ​လျောကျ​နေတဲ့ ဝတ်ရုံကို အသာ​လေး ပင့်တင်လိုက်တယ် ။

သူမရဲ့ နှုတ်ခမ်း​တွေဟာ အ​ရောင်​တွေ ပြန့်ကျဲ​နေပြီး လည်တိုင် ​ကျော့​ကျော့ထက်မှာလဲ အညိုကွက်တို့ ရှိ​နေတယ် ။

Hello......Mr.Wind ( complete )Where stories live. Discover now