五 (U)

3.2K 276 24
                                    

သိချင်​နေမယ်ထင်လို့ ​ဖြေ​ပေးလိုက်ပါတယ် ။

Q : 1 》မိစ္ဆာ​တွေ အ​ကြောင်း ... ။

A : 1》 နန်း​တော်ထဲ လာခဲ့တဲ့ သူတို့က မိစ္ဆာ​မောင်နှံပါ ။ ဒီထဲက တစ်​ယောက်က အိမ်​ရှေ့စံရဲ့ အဲ့ဒီလူ ပုံစံ​ယောင်​​ဆောင်ပြီး လာခဲ့ပါတယ် ။

အဲ့ဒီလူဟာ သံတမန်ခရီးသွားတာ မဟုတ်မှန်း ခမည်း​တော်နဲ့ သူသာ သိပါတယ် ။ မယ်​တော်ပင် မသိပါ ။

အဲ့ဒါ​ကြောင့် မိစ္ဆာနှစ်​ကောင် လာချိန်မှာ မယ်​တော်က ဝမ်းသာအားရဖြစ်​နေပြီး ခမည်း​တော်ဟာ နားမလည်နိုင်ဘဲ မျက်နှာ ပျက်​နေပါတယ် ။ မိစ္ဆာမှန်း​တော့ မသိပါ ။

အိမ်​ရှေ့စံ ထွက်သွားချိန်မှာပင် ခမည်း​တော်ဟာ ဝိဥာဥ်ထိန်းချုပ်ခံရပြီး ... မယ်​တော်ဟာ အသက်ဓါတ်နှုတ်ယူခံခဲ့ရတာပါ ။

ချန်ပညာရှိ​ပြောတဲ့ထဲမှာ "မိစ္ဆာသတ်လို့ ​သေ​ကြေမယ်""ရင်ကွဲနာ ကျလို့ ​သေမယ်" ဆိုတာ ဘုရင်နဲ့ မိဖုရားကို ​ပြောတာပါ ။

အဖိုးချန်ဟာ ဝဋ်ကြွေးရှိရင် ဆပ်လိုက်မှ ပြီးလိမ့်မယ်ဆိုပြီး မတားဆီးခဲ့တာပါ ။

Q : 1 》မိစ္ဆာတို့ရဲ့ အာရုံ ...

A ; 1 》 အိမ်​ရှေ့စံဟာ ၁၈ နှစ်ပြည့်ပြီး အဲ့ဒီလူနဲ့ အိပ်ဖြစ်ခဲ့ပြီး ​နောက်တစ်​နေ့မှာ ​ပျော်ရွင်စွာ အဲ့ဒီလူအ​​ဆောင်ကို ကြွသွားခဲ့ပါတယ် ။

ဒါ​ပေမဲ့ ကြားလိုက်ရတဲ့ အဲ့ဒီမိစ္ဆာရဲ့ နှစ်​ကောင်ရဲ့ စကား​တွေ​ကြောင့် ​​​​သွေးပျက်သွားတယ် ။.

မိစ္ဆာဟာ ဘာလို့ သူတို့နှစ်​ယောက်​ပြောတဲ့ စကား​တွေကို သိ​​နေခဲ့ရတာလဲ ဆို​တော့ ....

၁၈ နှစ်ပြည့် ​မွေး​နေ့မှာ မိစ္ဆာဖိုဟာ အိမ်​​ရှေ့စံကို သတ်ဖို့ စိုက်ကြည့်​နေပါတယ် ။ အိမ်​ရှေ့စံ သွားရာ​နောက် လိုက်လာခဲ့ပါတယ် ။

ဒါ​ပေမဲ့ သတ်မဲ့ သူ့ထက်အရင် အဲ့ဒီလူ ​ရောက်လာလို့ မသတ်နိုင်ရတာပါ ။

အဲ့တာ​ကြောင့် အကွက်ချပြီး အထင်လွဲအောင် စီစဥ်ခဲ့ပြီူ ခမည်း​တော် ဘုရင်ရဲ့ ခန္စာကိုယ်ကိုလဲ ဖျက်ဆီးထားလိုက်ပါတယ် ။

Hello......Mr.Wind ( complete )On viuen les histories. Descobreix ara