四 (Z)

612 53 0
                                    

Extra ...

" ဒီ​တောင်က အဲ့​လောက် တက်ရခက်သလားဗျာ "

ရှင်ဘုရင်​လေး မြည်တွန်​တောက်တီး​နေတယ် ။

" ဒီ​တောင်က ​​ကိုယ် တရာဆီ ပညာသင်တုန်းက မနက်တိုင်း အတက်အဆင်း လုပ်ရတဲ့ ​တောင်ဘဲ "

" ခင်ဗျား သိပ်ပင်ပန်းမှာဘဲ ... "

သူ ပြုံးလိုက်တယ် ။

"လာ ... က​​လေး ... ဆရာ​စောင့်​နေပြီ
ဆရာက ​နောက်ကျတာကို မကြိုက်ဘူး "

" အင်း "

ရှင်ဘုရင်​လေးက ချန်ပညာရှိ စာသင်တဲ့ ​တောင်ကို ​​တက်​နေတာ ... ။

ဆရာဆိုတာက အဲ့ဒီလူအတ့က် ဒုတိယ မိဘလို ဖြစ်​နေတာမို့ မိတ်ဆက်​ပေးချင်တယ် ဆိုလို့​လေ ... ။

တောင်​ပေါ်​​​ရောက်​တော့ သာယာတိတ်ဆိတ်တဲ့ ​နေရာတစ်ခုက ကြိုဆိုတယ် ။

"တိုးတိုး​နေ​​နော် က​လေး ... ဆရာက ဆူညံတာ မကြိုက်ဘူး ... ပြီး​​​တော့ ဒီအချိန် စာသင်သား​တွေ တရားထိုင်​နေကြတယ် "

" အင်း ... နားလည်ပြီ "

" ဂွမ်း !"

နားလည်ပါတယ်ဆိုတဲ့ ရှင်ဘုရင်​လေးက ​ရေထည့်ထားတဲ့ ​ရေစည်​လေးကို တိုက်ချလိုက်မိတယ် ။

" ဘယ်သူလဲကွ ​!
ရောက်လာတာနဲ့ တီးလုံးသံနဲ့ ပါလား "

ရှင်ဘုရင်​လေးက ​ဒေါသံပါတဲ့ မာ​ကျောတဲ့ အသံ​ကြောင့် ပုခုံးတွန့်သွားတယ် ။

* ​အောင်လိုက်တဲ့ အသံ *

လူတစ်​ယောက်ထွက်လာတယ် ။
ဝတ်ရုံဖြူနဲ့ ၊ မုတ်ဆိတ်ဖြူနဲ့ ​​တောင်​ဝှေးနဲ့ ... ။

" ခင်ဗျား​ရေ ... အဲ့အဖိုးကြီးက ဘယ်သူလဲ ?"

သူ​ရှေ့ရပ်​နေတဲ့ သူကို ​ရှေ့ထား​မေးလိုက်တာဆို​တော့ နည်းနည်း ရိုင်းသွားမှန်းလဲ သိပါတယ် ။ ဒါ​ပေမဲ့ သူမသိ​တော့ ​မေးရမှာဘဲ ... ။

" ဪ ... ဘယ်သူလဲလို့
ငါ့တပည့်ကို ငါ့ဆီ မလာခိုင်းတဲ့ ငတုံးငအ​လေးဘဲ"

"ငတုံးငအ !"

ရှင်ဘုရင်​လေး ​နားထဲ ကန့်လန့်ဝင်သွားတယ် ။

Hello......Mr.Wind ( complete )Where stories live. Discover now