ကလေးရဲ့လူကြီး(Part-27)

487 51 2
                                    

Unicode
________

"တောက်..ငါဒီလောက်အတန်တန်တားနေရတဲ့ကြားထဲက"

"မိန်းမရယ်စိတ်လျော့ပါကွာ.."

"ဘာကိုလျော့ရမှာလဲ..ဘာလို့လျော့ရမှာလဲ..မလျော့နိုင်ဘူး..ကျမစကားနားမထောင်ပဲ..လုပ်ချင်ရာလုပ်သွားတယ်..အခုကျမ ဂယောင်ဆူးတို့အမေကိုဘယ်လိုမျက်နှာပြရမလဲ"

(ကိုရီးယားကားတွေထဲမှာ သားယောကျာ်းလေးနာမည်တပ်ပြီးခေါ်တာ ကြည့်ဖူးကြမှာပါနော်)

"မိန်းမ..လုလုပျော်နေရင်ရပြီလေ..လုလုစိတ်ချမ်းသာအောင်လွှတ်ထားလိုက်ပါကွာ"

"အို..မလွှတ်ထားနိုင်ပါဘူး..ယွန်းနနဲ့လက်ထပ်ဖို့စီစဥ်ထားပြီးသားကို အခုတော့မျက်နှာပျက်ရပြီ"

"Tao..မင်းမျက်နှာပျက်ရမှာထက် သားစိတ်ချမ်းသာဖို့ကအဓိကမဟုတ်ဘူးလား"

တစ်ခါမှနာမည်ကိုမခေါ်ဖူးတဲ့ krisကစိတ်ဆိုးပြီးခေါ်လိုက်တော့ Taoအံ့သြစွာကြည့်မိသည်။

"မင်းကအတ္တကြီးတတ်တဲ့မိန်းမမှမဟုတ်တာကွာ..သားကိုသူပျော်သလိုပေးနေလိုက်ပါ..သားကလိမ္မာပါတယ်..မင်းစကားလည်းနားထောင်ပါတယ်..အခုကဆယ်ဟွန်းကိုတကယ်ချစ်လို့.ဆယ်ဟွန်းဆီကိုလိုက်သွားတာပါ..မင်းနားလည်ပေးလိုက်ပါ"

Taoဘာမှပြန်မပြောပဲငူငူငေါင်ငေါင်ကြီးသာရပ်နေသည်။

"သားကကိုယ်တို့သားပါ..ကိုယ်တို့မွေးထားတဲ့သားပါ..သားကသူ့အချစ်ကိုသူရဲရဲကြီးရွေးချယ်ပြီးသွားပြီးပဲ..သားကိုကာကွယ်ပေးရမှာ သားဘက်ကရပ်တည်ပေးရမှာ ငါတို့တာဝန်ပဲလေ..ပြီးတော့ ဆယ်ဟွန်းရဲ့စိတ်ဓာတ်ကိုလည်းမင်းလည်းသိနေတာပဲကွာ..လက်ခံပေးလိုက်ပါကွာ"

Taoအရုပ်ကြိုးပျက်ထိုင်ချကာ အော်ကြွေးနေမိသည်။
.
.
.
.
"လုလုက..လူကြီးကိုခိုးတယ်ဆိုတော့ လုလုက အပေါ်ကပေါ့နော်"

"ဟမ်. ဘာကိုပြောတာလဲဟင် ကလေး"

"လူကြီးတကယ်မသိတာလား..မသိချင်ယောင်ဆောင်နေတာလား"

"ကိုယ်တကယ်မသိတာပါ..ကလေးပြောပြမှကိုယ်သိမှာလေ"

"ဟို..ဟိုဟာကိုပြောတာ"

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now