ကလေးရဲ့လူကြီး(Part-26)

463 46 1
                                    

Unicode
________

"အေး..အေး..အဆင်ပြေတယ်မလား"

"..."

"ဟုတ်ပြီ..ဟုတ်ပြီ..ကျေးဇူးပဲသူငယ်ချင်း..ဒါပဲနော်"

လုဟန်သူ့သူငယ်ချင်းတစ်ယောက်ဆီကို.ဖုန်းဆက်ပြီးတော့..နောက်တစ်ဖုန်းတစ်ကောထပ်ခေါ်လိုက်သည်။

"Hello...လူကြီး"

အနည်းငယ်ငိုသံစွတ်ကာ..ပြောလိုက်သည်။

"ကလေး..ဘာဖြစ်တာလဲ"

"လူ​ကြီး..ကယ်ပါအုံး..ကယ်ပါအုံး"

"ဘာဖြစ်တာလဲ..ကိုယ်စိတ်ပူလာပြီ."

"ဘတ်..ဘတ်ဟျွန်း..ဘတ်ဟျွန်း ကားတိုက်လို့တဲ့"

"ဘာ..ဘယ်လိုဖြစ်တာလဲ"

"မသိဘူး..ဘတ်ဟျွန်းဆီသွားချင်တယ်.."

"ကိုယ်လိုက်ပို့မယ်...အခုပဲသွားကြမယ်နော်"

"ဟုတ်ကဲ့"

လုဟန် ဖုန်းချလိုက်ပြီးတော့..လူယုတ်မာအပြုံး
ပြုံးလိုက်ပြီး..ဘေးကချထားတဲ့အထုပ်ကိုဆွဲကာ..ထွက်လာခဲ့သည်။

လုဟန်အိမ်ရှေ့မှာ ရပ်စောင့်နေတုန်း..ဆယ်ဟွန်းရှေ့မှာရပ်လာတာကြောင့်.ကားပေါ်အလျင်အမြန်တက်လိုက်သည်။

"ကလေးဘယ်ကိုမောင်းရမှာလဲ"

"မြို့ပြင်ကိုမောင်း"

"မြို့ပြင်..မြို့ပြင်ကိုဘတ်ဟျွန်ကဘာသွားလုပ်တာလဲ"

"အမ်..အယ်..ကိစ္စရှိလို့တဲ့"

"ဟုတ်ပြီ.ချန်းညောလ်ရောသိလား"

"သိတယ်..ချန်းညောလ်ကရောက်တောင်ရောက်နေပြီ"

"အင်းအင်း"

တိတ်ဆိတ်စွာမောင်းနှင်လာရင်း..မြို့ပြင်တစ်နေရာရောက်တော့..

"လူကြီး..ညာဘက်ကိုကွေ့လိုက်"

လုဝန်ပြောသည့်အတိုင်းကွေ့လိုက်တော့..အိမ်တစ်အိမ်ကိုတွေ့လိုက်ရသည်။

"ကလေး..ဒါကအိမ်ကြီးလေ..ဆေးရုံလည်းမဟုတ်ပါဘူး"

"ဟုတ်ပါတယ်..မောင်းပါ"

ဆယ်ဟွန်းလည်း..လုဟန်ပြောတဲ့အိမ်ဆီကိုမောင်းလာခဲ့သည်။ထို့နောက်လုဟန်ကကော့တော့ကော့တော့နဲ့ကားပေါ်မှဆင်းကာ..အိမ်တံခါးသွားဖွင့်သည်။ပြီးတော့သူ့ကိုလက်ယက်ကာလာရန်ခေါ်သည်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now