ကလေးရဲ့လူကြီး(Part-8)

522 54 1
                                    

Unicode
_______
ဟူး..ငါရူးချင်တယ်...ကဲထားပါတော့..အခုဟာကဘယ်လိုဖြစ်တာလဲဆိုတာပဲ..ပြောကြတော့.."

(အရှေ့အပိုင်း..အဆက်)

ဖြစ်ပုံကဒီလို
-------------

လုဟန်တစ်ယောက်ကတော့..ထုံးစံအတိုင်း..အလုပ်မရှိရင်..တီဗီပဲထိုင်ကြည့်နေသည်။..ခနနေတော့..အိမ်ရှေ့၌ကလေးအုပ်စု..ဘောလုံးကန်နေကြသံကိုကြားတော့..လုဟန်ထွက်ကြည့်လိုက်သည်။

"ဟာ..မင်းတို့ဘောလုံးကန်နေကြတာလား"

"ဟုတ်တယ်..လုလုကော...လုလုကောလည်း..ပါမလား..ဒီမှာကျွန်တော်တို့လူလိုနေလို့"

"ကောင်းသားပဲ..ပါမယ်..ငါလည်းပျင်းနေတာနဲ့အတော်ပဲ"

လုဟန်လည်းကလေးတစ်သိုက်နဲ့ပျော်ပျော်ကြီးဘောလုံးဝင်ကန်နေသည်။ကလေးဆိုပေမဲ့..တအားငယ်တဲ့ကလေးများမဟုတ်ပေ..အလွန်ဆုံးရှိမှ.ဆယ်နှစ်ပေါ့..။

"ဟာ..လုလုကော..တော်လိုက်တာဗျာ..လုလုကောကဘောကန်တာ..တော်တော်..ကျွမ်းတယ်"

သူ့ကိုမြှောက်ပင့်ပြောနေကြသည်မို့..လူကကောင်းကင်ပင်တက်ဆောင့်ချင်သွားသလို။

"ဟားဟား..မင်းတို့ကလည်း..အဲ့ဒီလောက်လည်းမဟုတ်ပါဘူး..ဟဲဟဲ..မျက်စိမှိတ်ပြီးကန်ရင်တောင်ရသေးတယ်"

"ဟုတ်လား.ကောကော..မိုက်တယ်..ကန်ပြပါလား..သားတို့ကြည့်ချင်လို့"

"ရတာပေါ့ကွ..မင်းတို့သေချာ​ကြည့်ကြနော်..ကောဆီကပညာလေးဘာလေး..ယူကြနော်.."

"ဟုတ်ကဲ့..လုလုကော"

ကလေးများက..ဝမ်းသာအားရနှင့်..လက်ခုပ်တွေတီးအားပေးနေကြသည်။

လုဟန်လည်း..ဘောလုံးကိုချကာ..ဂိုးတိုင်ရှိမည့်နေရာနှင့်အကွာအဝေးကို..ချိန်ပြီး..တဖြည်းဖြည်းနောက်ဆုတ်ကာ..အဆင်သင့်နေရာယူလိုက်သည်။ထို့နောက်..မျက်လုံးကိုစုံမှိတ်ချပြီး..တဟုန်ထိုးပြေးကာ.
ဘောလုံးကိုအရှိန်ဖြင့်ကန်လိုက်သည်။

ထိုအချိန်..တစ်နေရာရာမှတစ်စုံတစ်ခုရဲ့အသံကိုကြားလိုက်ရသည်။

ခွမ်း~~

ဘေးနားကလက်ခုပ်တီးအားပေးနေကြသော.ကလေးများက.ဟာတစ်လုံးသာပြောနိုင်ပြီး..တစ်ချိုးထဲသူတို့အိမ်ရှိရာသို့ပြေးသွားကြသည်။ထိုနေရာမှ ကြောင်တောင်တောင်တောင်နှင့်ကျန်ခဲ့သည်က
လုဟန်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now