ကလေးရဲ့လူကြီး(Part-23)

474 45 5
                                    

Unicode
_______

မနက်စောစောစီးစီး..အောက်ထပ်မှာအသံတွေကြားနေတာကြောင့်..လုဟန်အိပ်ချင်မူးတူးနှင့်ဆင်းလာသည်။

အိပ်ရာထခါစမို့ဆံပင်ကစုတ်ဖွားဖြစ်နေပြီး..အင်္ကျီပွပွကြီးနဲ့ပေါင်လည်လောက်ထိသာရှိသော.ဘောင်းဘီလေးကိုဝတ်ဆင်ထားသည့် အိပ်ချင်မူးတူးလုဟန်မှာ ကပိုကယိုလေးနှင့် sexyကျကျလှပနေပြန်ရော။

ဧည့်ခန်းထဲကဆူညံသံကြောင့်..ထွက်ကြည့်လိုက်တော့..။

"ဟာ..ကိုကို..နိုးပြီလား.."

သူ့ကိုမြင်တော့ ပြေးပြီးသူ့လက်မောင်းကိုဆွဲချိတ်လိုက်တဲ့သူကြောင့်..လူကကံဆိုးမိုးမှောင်ကျနေသလို။

သူကတခြားသူတို့မဟုတ်..omma သူငယ်ချင်းဆိုသူရဲ့သမီး..စပ်စလူးမပဲ။

"ငါ..မျက်နှာမသစ်ရသေးဘူး..ဖယ်"

သူ့လက်မောင်းကိုချိတ်ထားတဲ့လက်ကိုဖယ်ထုတ်ပေမဲ့
ဖယ်မပေးတဲ့အပြင်ပိုလို့တောင် တိုးချိတ်လိုက်သေးသည်။ဒီမြင်ကွင်းကိုကြည့်နေတဲ့ommaနဲ့သူ့အမေဖြစ်သူကဘာမှမပြော..သဘောကျသယောင်ရီမောနေသေးသည်။

"ကိုကို ယွန်းန..အပြင်သွားချင်လို့လိုက်ပို့လား"

အမယ်လေး..အသံကလည်း ရုံးပတီးတောင်အမေပြန်ခေါ်ရမယ်..ချွဲပစ်နေတာပဲ..အဲ့လိုအသံနဲ့ဘဲမရတာ..အံ့သြပါ့။

"ဟာ..မအားဘူး...ငါလည်းသွားစရာရှိတယ်.."

"ဟွန့်...အဲ့ဒါဆို.ယွန်းနလည်းလိုက်မယ်လေ..ကိုကိုရဲ့.ယွန်းကိုလည်းခေါ်သွားလေ..နော်"

"မရပါဘူး.."

ဟုတ်တယ်..လိုက်လို့ရမလား..ဒီကချစ်သူနဲ့သွားချိန်းတွေ့မယ့်ဟာကို..အရှုပ်ထုပ်ကိုဘာလို့ခေါ်ရမှာလဲ။

"မသိဘူး..လိုက်မှာပဲနော်...တီတီရေ..ကိုကိုကယွန်းနကိုအပြင်မခေါ်သွားဘူးတဲ့"

သူ့ဘာသူထိုင်နေတဲ့ommaကိုတောင်လှမ်းတိုင်လိုက်သေးတယ်။

"လုလုလေးကလည်း ညမလေးကအပြင်သွားချင်နေတာ..ခေါ်သွားလိုက်ပါ"

"omma...ခေါ်သွားလို့မရဘူးလို့"

"ခေါ်သွားလို့မရရအောင်..ဘယ်ကိုသွားမလို့လဲ..ရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်နဲ့နော်..ယွန်းနလေးကိုခေါ်သွား"

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now