Unicode
_______ဒီနေ့ဟာဆယ်ဟွန်းရဲ့ ပထမဆုံးအလုပ်ဝင်ရတဲ့နေဖြစ်သည်။ဒါကြောင့်...နောက်ကျ၍မဖြစ်တာ
ကြောင့်..စောစောထကာပြင်ဆင်ပြီးထွက်လာခဲ့သည်။
.
.
ဆယ်ဟွန်းကုမ္ပဏီကိုရောက်တော့..ကုမ္ပဏီကကောင်မလေးတွေရဲ့မျက်လုံးဆယ်ဟွန်းဆီမှာ.တက်ကပ်တော့မယ့်အတိုင်း..။ဆယ်ဟွန်းလည်း..ထိုအရာတွေကိုဂရုမစိုက်ပဲ..သူ့အားလာကြိုသည့်သူနောက်သို့လိုက်ကာ..သူ၏ရုံးခန်းထဲလာခဲ့သည်။
"သူဋ္ဌေး..အလိုရှိတာမှန်သမျှကျွန်တော်ကိုပြောပါနော်.."
"ဟုတ်ကဲ့..ဒါနဲ့.ခင်ဗျားနာမည်က.."
"ကျွန်တော်နာမည်က..ကင်ဂျုံအင်ပါ.."
"အော်..ဟုတ်ကဲ့..အသက်ကရော"
"အသက်က..25ပါခင်ဗျာ"
"ကျွန်တော်ထက်ငယ်တာပဲ..ဒါဆို.ဂျုံအင်လို့ပဲခေါ်မယ်ရလား"
"ဟုတ်ကဲ့..သူဋ္ဌေး..သူဋ္ဌေးအဆင်ပြေသလိုသာခေါ်ပါ"
"ကောင်းပါပြီ...ကျွန်တော်ကို.ဝန်ထမ်းတွေဆီလိုက်ပို့ပေးလို့ရမလား..ဝန်ထမ်းတွေနဲ့လည်းမိတ်ဆက်ရတာပေါ့"
"ဟုတ်ကဲ့..သူဋ္ဌေး..ဒါဆို..ကျွန်တော်နောက်လိုက်ခဲ့ပါ"
ဆယ်ဟွန်းခေါင်းတစ်ချက်ငြိမ့်ပြပြီး..ဂျုံအင်နောက်ကိုလိုက်သွားလိုက်သည်။
.
.
.
.
.
ဗုန်း~လုဟန်..လွယ်အိတ်ကို.စားပွဲပေါ်သိုပစ်ချလိုက်သည်။
"အမယ်လေး..လန့်လိုက်တာ.လုဟန်ရယ်..ဘာဖြစ်လာတာလဲ"
"ဘာဖြစ်ရမှာလဲ..မင်းဦးလေးလုပ်ပုံကောင်းရဲ့လား"
"ဟင်...ငါ့ဦးလေးက.မင်းကိုလုပ်လိုက်ပြီလား..သွက်နေရောပဲ.."
"ပတ်ချန်းညောလ်..မင်းဘာတွေလာပြောနေတာလဲ.."
"မသိဘူးလေ..မင်းပဲငါ့ဦးလေးလုပ်ပုံကောင်းရဲ့လားဆို."
"ငါဒေါသတွေမင်းဆီရောက်ကုန်မယ်နော်.."
"စတာပါကွာ..ကဲပြော..ဘာဖြစ်လာတာလဲ"
"ဘာဖြစ်ရမှာလဲ..ဒီနေ့ငါ့ကိုကျောင်းလိုက်မပို့ဘူးလေ..ငါကစောင့်နေတာ..မလာမလာနဲ့..မင်းအိမ်သွားကြည့်တော့..ကားလည်းမရှိ.အိမ်တံခါးကြီးကလည်းပိတ်ထားတယ်."
YOU ARE READING
ကလေးရဲ့လူကြီး။ (Complete)
FanfictionOh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက ကျွန်တော့် အတွက်ပဲလူကြီး..ခင်ဗျားရှောင်ပြေးလို့ရမယ်မထင်နဲ့. #HunHan #fanfic Thanks to all the readers. Author..Nun Hnin