အခန်း ၃၂၁

Start from the beginning
                                    

နောက်တော့ Poliana က နောက်ထပ်မေးခွန်းတစ်ခုကို ထပ်စဉ်းစားမိလိုက်သည်. ဘာတွေက အမျိုးသမီးတွေကို ပျော်ရွှင်စေတာလဲ? Poliana က သူမဘဝတစ်လျှောက် တွေ့ခဲ့ဖူးတဲ့အမျိုးသမီးတွေကို အမှတ်ရလိုက်သည်. ပထမဆုံး သူမစဉ်းစားမိတာက Lady Rebecca ဖြစ်ပြီး သူမက အသက်ရှည်ရှည်မနေလိုက်ရပေ. သူမသူငယ်ချင်းကို ပျော်စေတာက ဘာဖြစ်မလဲဆိုတာကို မစဉ်းစားချင်တာကြောင့် သူမက နောက်ထပ်အမျိုးသမီးတစ်ယောက်အကြောင်း စဉ်းစားလိုက်သည်.

Lady Tory.

Lady Tory က အလုပ်တစ်ခုရသွားကြောင်း Lucius က Poliana ကို ပြောခဲ့သည်. Poliana က အလုပ်များနေတာကြောင့် သူမ ဘာတွေဖြစ်နေလဲဆိုတာကို ပြောပြဖို့ စာတစ်စောင်လောက်တောင် Tory ဆီကို မပို့နိုင်ခဲ့ပေ. မနက်ဖန်ကျရင် Tory ဆီကို သွားလည်ဖို့ Poliana ဆုံးဖြတ်လိုက်သည်.

အမွှာတွေရော ဘယ်လိုနေလဲ? တကယ်လို့ Bika ညီအစ်မတွေရဲ့ ပျော်ရွှင်မှုက သူတို့ခင်ပွန်းတွေရဲ့ ပျော်ရွှင်မှုနဲ့ ထပ်တူညီတယ်ဆိုရင်တော့ ဒီအမွှာတွေက ပျော်ရွှင်တဲ့ဘဝမျိုးမှာ နေထိုင်နေလောက်တယ်လို့ Poliana ထင်လိုက်သည်. Vaxi နဲ့ Vanessa တို့က သူတို့မိဘတွေနဲ့ နေချင်သလောက် နေခွင့်ရှိနေသည်. မထင်မှတ်ထားတာ ဖြစ်မလာသရွေ့တော့ ဒီမိန်းကလေးတွေရဲ့ဘဝက တည်ငြိမ်အေးချမ်းနေမှာဖြစ်သည်.

'အိုး Liana လဲရှိသေးတာပဲ ငါမေ့တော့မလို'

Poliana က သူမရဲ့ အဖေတူမအေကွဲညီမကို အမှတ်ရလိုက်သည်. သူမက Liana အကြောင်းကို မစဉ်းစားမိတာ ကြာပြီဖြစ်သည်. Liana က သင့်တော်ကောင်းမွန်တဲ့အမျိုးသားတစ်ယောက် နဲ့လက်ထပ်ကာ အဆင်ပြေပြေနေထိုင်နေသည်. ကျန်းမာသန်စွမ်းတဲ့ကလေးနှစ်ယောက်က ပြေးလွှားဆော့ကစားနေခဲ့တာကို Poliana အမှတ်ရလိုက်သည်. အခုလောက်ဆို Liana က နောက်ထပ်ကလေးတွေ ထပ်ရနေလောက်သည်. ဘာပဲဖြစ်ဖြစ် ဒါက Liana အတွက် သင့်တော်ကောင်းမွန်တဲ့ဘဝလို့ Poliana ထင်လိုက်သည်. တခြားအမျိုးသမီးတွေအများကြီးက သူမအတွေးထဲပေါ်လာသည်. သူမ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဇနီးသည်တွေ, မိခင်တွေ, သမီးတွေနဲ့ အစ်မတွေ ညီမတွေ... ပြီးတော့ Stra လဲ ပါဝင်သည်.

Poliana မှတ်မိနေတဲ့ အကြီးမားဆုံးဖြစ်ရပ်က ကိုယ်ဝန်အတုကိစ္စဖြစ်သည်. အဲ့အချိန်တုန်းက Lady Stra က တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ကာ Poliana က သူမကို မစာနာနိုင်ခဲ့သလို နားလည်ပေးနိုင်ဖို့လဲ မကြိုးစားခဲ့ပေ.

Emperor and the Knightness (Zawgyi) Book - 2Where stories live. Discover now