"ဟုတ်တယ် ..ဟုတ်တယ် ဈေးသွားပြီ ဒါပေမယ့် မင်းကဘာလို့ငိုနေရောတုန်း ! ဟမ်.. လက်ထောက်ဒါရိုက်တာတောင်မှ မငိုနေဘူးလေ "

Li San ကတော့ ထိုစကားကိုကြားတာနဲ့ပိုပြီးငိုကြွေးတော့တယ်။

Li San က သူသာဒီတစ်ခါငွေရှာနိုင်လို့ကတော့ ရုပ်သံဇာတ်လမ်းတစ်ခုမှာရင်းနီးမြှပ်နှံပြီး ကိုယ်တိုင်ခေါင်းဆောင်မင်းသားလုပ်လိုက်မယ်ဆိုပြီးတွေးထားခဲ့တာလေ ။

သူကဘသူ့ရဲ့သူငယ်ချင်းတွေကိုတောင် အဲဒီရှယ်ယာတွေက ဈေးတက်လာမှာသေချာတယ်ဆိုပြီး ဝယ်ဖို့မဲဆွယ်လိုက်သေးတယ်။ လူတိုင်းက သူ့ကိုကျေးဇူးတင်ခဲ့ကြတာ ။

ရှယ်ယာဈေးက ထိုးကျသွားပြီး သူလည်းငွေတွေအများကြီးဆုံးရှုံးခဲ့ရတယ်ဆိုတာကိုသာသိသွားကြမယ်ဆိုရင် သူရဲ့မျက်နှာကို လူကြားထဲမှာဘယ်လိုပြရတော့မလဲ ။ သူကရူးနှမ်းစွာနဲ့ He Hanဆီသို့ပြေးသွားလိုက်တယ်။

"ဒါက မင်းကြောင့်ပဲ ..! ဒါတွေအကုန်လုံးကမင်းကြောင့်ဖြစ်ရတာ အား....! "

He Han ကထိတ်လန့်စွာနဲ့လျှင်မြန်စွာထရပ်ပြီး အနောက်ဘက်ကို ခုန်ဆုတ်လိုပ်မိတယ်။

" နင်ဘာလုပ်တာလဲ .. ဘာဖြစ်တာလဲ အား..! ငါ့ကိုမြန်မြန်ကာကွယ်ပေးကြပါ "

Shen Yan ကတော့ နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ပြီး အနည်ူငယ်လောက်ပြုံးလိုက်ကာ သူမရဲ့ရှေ့မှာဖြစ်နေတဲ့ ဇာတ်လမ်းကိုကြည့်နေခဲ့တယ်။

Li San က He Hanရှေ့ကကာဆီးထားတဲ့လူကို တွန်းထုတ်လိုက်ပြီး He Hanရဲ့ပုခုံးကိုဆွဲယုလှုတ်ရမ်းလိုက်တယ်။သူမျက်လုံးတွေက နီရဲနေခဲ့ပြီးဒေါသတကြီးနဲ့ပြောလာတယ်။

" မင်းရဲ့အမှားပဲ ! အားလုံးကမင်းရဲ့အမှားတွေ ! Yuran ရဲ့ရှယ်ယာတွေက ထိုးကျသွားပြီ !!!"

ဒီတစ်ခါ Li San ရဲ့စကားလုံးတွေကတော့ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံးကိုအေးခဲသွားစေသလို စပီကာနဲ့ထပ်အော်ဖို့လုပ်နေခဲ့တဲ့ Li Junကိုလည်းရပ်တန့်သွားစေတယ်။

ဘယ်ဟာက ထိုးကျသွားတာ ?

Yuranရဲ့ရှယ်ယာတွေကထိုးကျသွားတာဟုတ်လား !

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now