"သူကဘယ်လိုဖြစ်ပြီး Shen Yanရဲ့ထပ်တိုးတဲ့အခန်းတွေကိစ္စကိုသိနေရတာလဲ "

Li Junကနားလည်သွားတာနဲ့လှမ်းအော်လိုက်တယ်

" ဒီနေ့တံခါးနားမှာခိုးပြီးနားထောင်နေခဲ့တာက မင်းပေါ့လေ ဟုတ်လား !"

လက်ထောက်ဒါရိုက်တာကတော့ ပြေးနေတဲ့ခြေလှမ်းကိုပိုပြီးအရှိန်တင်လိုက်တယ်။

He Han က လက်ထောက်ဒါရိုက်တာက ရေထဲခုန်ဆင်းခိုင်းမယ်ဇာတ်ကွက်အကြောင်းကို Li Jun ကိုသိမ်းသွင်းပြောဆိုထားမှန်းမသိသေးဘူး ။ နောက်နေ့မှာတော့ ရိုက်ကူးရေးစတဲ့အချိန်မှာပဲ Li Junက Shen Yanကိုလှမ်းခေါ်လိုက်တယ်

He Hanက ထပ်မံပြီးအရိုက်ခံရမှာကိုကြောက်ရွံ့နေတုန်းပဲ ဒါကြောင့်သူမက Shen Yanကိုထပ်မံပြီးရန်မစရဲတော့ဘဲ Shen Yanရေကန်ထဲသို့ခုန်ချရမယ့်အချိန်ကိုစောင့်နေလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ဒါရိုက်တာက Shen Yanကိုရေကန်ထဲသို့အနည်းဆုံး12ကြိမ်လောက်ခုန်ဆင်းခိုင်းမယ်ဆိုပြီးသူမကိုကတိပေးထားတယ်လေ ။ Shen Yanရဲ့ကံဆိုးတော့မယ့်အခြေအနေကိုစဉ်းစားမိတော့ He Hanကအရမ်းကိုပျော်ရွှင်လာတယ်။

ဒါရိုက်တာက ကြေညာချက်မထုတ်သေးတာကြောင့် လက်ထောက်ဒါရိုက်တာက Shen Yanဆီကိုစာမပို့ရဲသေးဘူး ။

ဒါပေမယ့် သူက Shen Yanရဲ့နေ့လည်စာဘူးထဲမှာတော့ အပိုစားစရာတွေထည့်ပေးနေတုန်းပဲ ။

ရက်တွေကလျှင်လျှင်မြန်မြနိကုန်ဆုံးသွားပြီး နောက်ဆုံး Shen Yanကာရိုက်တာရဲ့သေဆုံးရမယ့်နေ့ရက်ကိုရိုက်ကူးရတော့မယ်။

မနက်အစောပိုင်းမှာ He Hanကရှုတင်းကိုရောက်လာပြီးတော့ ဒါရိုက်တာရဲ့အနီးကိုချည်းကပ်ပြီးပြောလိုက်တယ်။

"ဒါရိုက်တာ ရာသီဥတုကအရမ်းကောင်းတယ်နော် ရေထဲခုန်ဆင်းရမယ့်ဇာတ်ကွက်ကိုရိုက်ရင်ရောဘယ်လိုလဲ "

"နောက်ဆုံးအခန်းကိုစောင့်ဦး မဟုတ်ရင်အကုန်ကိုးရိုးကားယားဖြစ်သွားလိမ့်မယ်"

Shen Yanကရှုတင်ဆီသို့ပုံမှန်အချိန်အတိုင်းပဲရောက်လာတယ် လူတွေကသူမကိုသနားစွာကြည့်နေကြပြီး ဒါက He Hanက Shen Yanကိုနှိက်စက်ညှင်းဆဲတာဖြစ်ကြောင်းရှင်းလင်းစွာသိနေကြတယ်။

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now