LI JUN ကလက်ထောက်ဒါရိုက်တာရဲ့စကားကြောက့်ကျယ်လောင်စွာအော်ရယ်လိုက်တယ်။

" မင်းအဲလိုထင်တာကောင်းတယ် ကောင်းတယ် ah.. "

လက်ထောက်ဒါရိုက်တာကတော့ တိတ်တခိုးသက်ပြင်းချလိုက်ပြီး Shen Yanထံသို့ messageပေးပို့လိုက်တယ် ။ Li Junရဲ့စကားကိုနားထောင်ချင်ယောင်ဆောင်ပြီးတော့ အဲဒါကိုပြောပြီးသွားပြီ ။

“မင်းမသိဘူးနော် အာ.. Zhang he ကတကယ်ကိုယောက်ျားကောင်းပဲ တကယ်ဆိုရင်ဘယ်သူကမှ တခြားသူတွေကို ရှယ်ယာဝယ်သင့်တဲ့ကိစ္စကိုမပြောပြတတ်ကြဘူး နောက်ဆုံးတော့ ရှယ်ယာတွေကပိုက်ဆံတွေရလာနိုင်မယ် ဒါမှမဟုတ်ဆုံးရှုံးသွားနိုင်တယ်လေ ဒါပေမယ့်Zhang he ကတော့ သူ့ရဲ့ကောင်မလေးအတွက်နဲ့ငါတို့အားလုံးကိုပြောပြပေးခဲ့တယ်  "

Zhang heသာအဲဒီစကားကိုကြားရရင် သူဘယ်နေရာမှာမှားနေတာလဲဆိုပြီးတော့တောင်ငိုကြွေးသွားလိမ့်မယ်။ သူကဘယ်တုန်းကမှ ရှယ်ယာတွေကိုဝယ်သင့်ကြောင်းအကြံမပေးခဲ့ဘူးလေ ။

စတော့ရှယ်ယာတွေကို အကြံပေးထောက်ခံတယ်ဆိုတာက အန္တရာယ်ကြီးလွန်းတယ် ဒါပေမယ့် အဲတာက He Hanလိုချင်နေတဲ့ကိစ္စပဲလေ ။ သူမက ရိုက်ကွင်းမှာမျက်နှာလိုချင်တာကြောင့် ရှယ်ယာကိစ္စတွေကိုလုံးဝမသိကျွမ်းဘဲ အကြံပေးနေခဲ့တယ် ။

နောက်တော့ Zhang heကလည်း Yuran ကမြင့်တက်လာလိမ့်မယ်လို့ခံစားရတာကြောင့် သူဟာအိုးပူတစ်လုံးကိုကိုင်ထားရသလိုဖြစ်နေခဲ့တယ်။

"ငါပြောတာကိုနားထောင် မင်းရဲ့ချန်လုပ်ငန်းစုကရှယ်ယာတွေကိုသွားရောင်းပြီးတော့ Yuranဆီကနေဝယ်လိုက်တော့"

Li Junကဟစ်ကျွေးလိုက်တယ်

"ငါမှာသာငွေတွေရလာခဲ့ရင်လေ ငါကိုယ်တိုင်ဇာတ်လမ်းတစ်ခုကိုရင်းနှီးမြှပ်နှံလိုက်ပြီးအောင်မြင်ကျော်ကြားတဲ့ဒါရိုက်တာဖြစ်လာစေရမယ် "

လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်လိုက်ပြီး ဆက်ပြောဖို့လုပ်တယ်။
"အာ အမ် အိုခေ " နောက်ပြီး ပြန်ပြောလာမယ့်စကားကိုနားမထောင်တော့ပဲ လစ်ပြေးလာခဲ့တယ်။

လက်ထောက်ဒါရိုက်တာရဲ့နောက်ကျောဘက်ကိုမြင်တော့မှ Li Junကတစ်စုံတစ်ခုကိုတွေးတောမိတယ်

ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ့ရည်းစားဟောင်း (Myanmar translation)Where stories live. Discover now