Ep-12 (Uni/Zawgyi)

1.6K 204 41
                                    

Unicode
_________












အဝါ​ရောင်လီလီပန်း​တွေနဲ့
အဖြူ​ရောင်အခင်းအကျင်း​တွေကို
FORJ Hotel ဝင်​ပေါက်မှစ၍
ဓါတ်​လှေကားထဲမှာပါပြင်ဆင်ထားတယ်

အ​ပေါ်ဆုံး ဥယျာဥ်အထပ်မှာ
သတို့သမီးနှစ်ဦးလျှောက်လှမ်းမယ့်
လမ်းတစ်​လျှောက်ကို ​ကော်​​ဇောနီခင်းထားပြီး​တော့
စင်မြင့်ရဲ့​နောက်ခံက Jennie Kim နဲ့ Lily တို့ရဲ့
ဓါတ်ပုံကိုတန်ဆာဆင်ထားပြီး သိပ်ကိုလှပလွန်းတယ်




CEO ရုံးခန်းရဲ့မျက်နှာချင်းဆိုင်အခန်းထဲမှာ
အလှပြင်​နေသူက Jennie Kim ဖြစ်ပြီး အခုထိ
Lily မ​ရောက်လာ​သေးတာ​ကြောင့်
အနည်းငယ်စိတ်လှုပ်ရှားပြီး စိုးရိမ်စပြုလာတယ် ။

ရုတ်တရက် မှန်ထဲက​နေမြင်လိုက်ရတဲ့
အခန်းထဲကိုဝင်လာသူ​ကြောင့် မတ်တပ်ထရပ်လိုက်ပြီး




" Sorry Jennie Kim !
စီစဥ်ထားတာ​လေး​တွေ တစ်ချက်
ပြန်စစ်​နေလို့ Lily ​နောက်ကျသွားတယ် "




" Li ​ရော Lily ? "




" သူလည်း သူ့အစီအစဥ်အတိုင်း
​​မလွဲ​ချော်​​အောင် ဂရုစိုက်​နေတာ​နေမှာ​ပေါ့ "




" အင်း "




ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး
အလှဆက်ပြင်​နေတဲ့ Jennie Kim ​ကြောင့်
သူလည်း ပြင်ဆင်ဖို့အတွက် ထိုင်လိုက်တယ်



















~~~~~~~~~~~~~~~~~~~~~~~~~~~







FORJ Hotel ရဲ့ စက်အခန်းထဲမှာ
​အော်သံ​တွေ ဆူညံသံ​တွေပြည့်​နေခဲ့တယ်




" အပြင်မှာ တစ်​ယောက်​​ယောက်ရှိလား ? "




အခန်း​ထောင့်မှာ ရပ်​နေတဲ့ Baek က
အပြင်ဖက်ကိုလှမ်း​အော်ပြီးအကူအညီတောင်း​နေတဲ့
သူမ​ကြောင့် ​ခေါင်းခါ သက်ပြင်းချမိသည်




" ဘယ်သူမှကြားမှာမဟုတ်ဘူး မမ​လေး ! 
စက်အခန်းရဲ့လှို့ဝှက်နံပါတ်ကိုလည်းကျွန်​တော်ပဲသိတယ် "




" ရှင်က ကျွန်မကိုကူညီမှာမှ မဟုတ်တာ

ဘာလို့ ကိုယ့်သူ​ဌေး​သေမယ့်ကိစ္စကို ဝင်မတားရတာလဲ ?
​ကျေးဇူးပြုပြီးကျွန်မကို ဒီအခန်းထဲက​နေထွက်ခွင့်​ပေးပါ "




Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now