Ep-7'1 (Uni/Zawgyi)

1.7K 232 16
                                    

Unicode
_________









FORJလုပ်ငန်းစုရဲ့ပထမအထပ်မှာ
စား​သောက်ဆိုင်နဲ့coffeeဆိုင်​တစ်ချို့ရှိတယ်

အားလုံးကသူ​ဌေးဖြစ်သူ
Lisaကိုယ်တိုင်စီမံထားတဲ့ရုံးချုပ်ပုံစံမျိုးပဲ
​ဝန်ထမ်း​တွေအတွက်အဆင်​ပြေ​အောင်လုပ်​ပေးထားတာ

ဒါ​ပေမယ့်အခု​တော့CEOအသစ်ဖြစ်သူ
Jennie Kimပိုင်တဲ့လုပ်ငန်းတွေ​ပေါ့​လေ ~




​နေ့လည် 1နာရီ
ပထမအထပ်က စား​သောက်ဆိုင်တစ်ခုမှာ
စားပွဲ​ပေါ်ခင်းကျင်းထားတဲ့စား​စရာ​တွေကိုမစားဘဲ
တစ်ပန်းကန်ပြီး တစ်ပန်းကန် ထိုးဆွ​နေတဲ့
သူ​ဌေးဖြစ်သူ​ကြောင့် Baek ခမျာ
မြင်သာမြင်ရပြီး မကြင် မမျိုရတဲ့ဘဝ ~




" သူ​ဌေး ! "




​ဝန်ထမ်းတွေထမင်းစားချိန်12နာရီထက်
နည်းနည်း​နောက်ကျပြီးမှ ​ဆိုင်ကို​ရောက်လာခဲ့​ပေမယ့်
အခုက1နာရီ​ကျော်​နေပြီ ဘားမှပါးစပ်ထဲမသွင်းရ​သေးတာမို့
Baek ငြိမ်​နေလို့မဖြစ်​တော့တာသိလိုက်တယ်

အရဲစွန့်ပြီး​ခေါ်လိုက်​တော့
ဟိုကမျက်ဖြူလှန်ပြီးစူးစိုက်ကြည့်လာတာမို့
ကိုယ်က အသက်15နှစ်​လောက်​ကြီး​ပေမယ့်
ဇက်က​လေးပုဝင်သွားပြီး ဘားမှဆက်မ​ပြောရဲ ~




" ​ခေါ်တုန်းက​ခေါ်ပြီး
ဘာလို့စကားမ​ပြောရတာလဲ ? "




ခုဏကထိ အသား​တွေအရွက်​​တွေကို
ရန်ရှာ​နေတဲ့ဓါး​လေးဟာ ရုတ်တရက်ဆိုသလိုပင်
မျက်လုံး​ရှေ့တည့်တည့်​ကို​ရောက်လာတာမို့
Baek တစ်ချက်​နောက်ကိုတွန့်သွားတယ်

ဒီသူ​ဌေးက သူပဲ​နေ့လည်စာစားဖို့
အတူလိုက်ခဲ့လို့ခေါ်ပြီး အခုကျ​တော့ 
ဘာများဖြစ်ချင်နေတာပါလိမ့် ~




" ခင်များလည်းJennie Kimလိုပဲ
​​နေ့လည်စာအတူစားမယ်​ပြောပြီး​တော့
တကယ်တမ်းကျ ကတိမတည်ဘူး "




ဓါးကိုပြန်ရုတ်သိမ်းသွားပြီး စားပွဲ​ပေါ်တင်ရင်း
လက်ပိုက်ကာ​ပြောလာတဲ့သူ​ဌေးဖြစ်သူ​ကြောင့်
Holy Jကို စိတ်ဆိုး​​​နေတာ သူ့လာ မဲ မှန်းသိလိုက်ရတယ်

Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now