Ep-7'2 (Uni/Zawgyi)

1.6K 209 18
                                    

Unicode
_________













ဝန်ထမ်း​တွေ​နေ့လည်စာစားပြီးချိန်မို့
ဆိုင်ထဲမှာစားသူမရှိ​သ​​လောက်နီးပါးပဲ

ရုတ်တရက်လဲကျသွားတဲ့Jennieကို
Lisa​ပွေ့ပိုက်ထားပြီးလှမ်း​ခေါ်​နေ​ပေမယ့်
သူမကသတိလုံးဝပြန်မလည်လာခဲ့ဘူး




"အနီးနားက​ဆေးရုံကားကို
အမြန် phဆက်လိုက်ပြီး​ခေါ်လိုက် "




အလျှင်အမြန် အနားဆီ
ပြေးပြီး​ရောက်လာတဲ့ဆိုင်ဝန်ထမ်းကို
Lisa​အ​လောတကြီး​ပြောလိုက်​တော့
သူက phရှိရာဆီအမြန်​ပြေးသွားတယ်




" Ni ဘားမှမဖြစ်ရဘူး​နော်
ဘာလို့အခုလိုမျိုးလုပ်ရတာလဲ ? "




မျက်ရည်​တွေက Lisaမဖိတ်​ခေါ်ဘဲ
သူ့အလိုလို တားမရ​အောင်စီးကျလာတယ်

ခဏကြာ​တော့
Jennieကို​ပွေ့ချီပြီး ရုံးချုပ်အ​ရှေ့ကို
​ရောက်လာတဲ့ ​ဆေးရုံကား​​​ပေါ်တင်​ပေးရင်း
Lisaပါ ​ဆေးရုံကိုအတူလိုက်ပါလာခဲ့သည်











~~~~~~~~~~~~~~~~~~~~









အစာအားလုံးကိုစုပ်ထုတ်ပြီးသွားပြီမို့
အရမ်းမစိုးရိမ်ရဘူးလို့ ဆရာဝန်​ပြောတာ​ကြောင့်
Lisa လူနာကုတင်​ဘေးထိုင်ခုံမှာထိုင်ရင်းသက်ပြင်းချမိသည်

နှမ်းရွက်နဲ့ဓါတ်မတည့်တာကိုသိတာမို့ တား​လိုက်ပေမယ့်
သူမရဲ့ပြန်ပြောလာတဲ့စကားဟာ အ​တော်လေး​​ဖြေရခက်ခဲ့တယ်

အမှန်တိုင်း​ပြောလိုက်လို့မဖြစ်တဲ့အ​ခြေအ​နေမှာ
ဒီလိုမျိုးသူမကိုထပ်မဖြစ်​​​စေအောင် ​သေချာဂရုစိုက်ရလိမ့်မယ်





" ကိုယ်ဝန်မခံမှာမို့ Niလည်းခုလိုထပ်မလုပ်ပါနဲ့​နော်
အားလုံးက Niဘဝအတွက်​တွေးပြီးကိုယ်လုပ်​နေတာ​တွေပါ "




မျက်လုံး​ထောင့်က​နေစီးကျလာတဲ့
သူမရဲ့မျက်ရည်​တွေကို Lisaသုတ်​ပေးရင်း
နှဖူးကိုငုံ့နမ်းပြီး အခန်းအပြင်ဖက်ကိုထွက်လာခဲ့သည်




ရှုပ်​ထွေးသွားတဲ့ဒီအ​ခြေအ​နေမှာပဲ
Lilyမဟုတ်မှန်းသူမသိ​နေတယ်ဆိုတာ သိလိုက်ရတယ်
ဘယ်​တော့မှဝန်ခံမှာ မဟုတ်တာမို့
အခု​တော့ဒီအတိုင်း​​လေးပဲဆက်သွားရ​အောင် ~

Cruel Flowers ( Season 2) : Pains of My existenceWhere stories live. Discover now