Unicode
_________Circe ဆိုတာ ဂရိနတ်ဘုရားမပါ
သူမကို လူသားနဲ့နတ်ဘုရား
ပေါင်းစပ်ပြီး မွေးဖွားလာခဲ့တာဖြစ်တယ်ရှေးခေတ်တုန်းက နတ်ဘုရားတွေဟာ
လူသားမျိုးနွယ်စုတွေနဲ့ အတူတကွနေထိုင်လေ့ရှိပြီးတော့
သူတို့ရဲ့နောက်မျိုးဆက်တွေကို ချန်လေ့ရှိကြတယ်ဒါပေမယ့် မိခင်ဖြစ်သူက လူသားဆိုရင်တော့
မွေးလာတဲ့ကလေးဟာ လူသားအဖြစ်နဲ့ပဲနေထိုင်ရပြီး
မိခင်ဖြစ်သူက နတ်ဘုရားဆိုရင်တော့ အဲ့ကလေးဟာ
အသက်18 နှစ်ပြည့်တဲ့အခါ ပညာရပ်တစ်ချို့ကိုသင်ကြားပြီး
Olympus တောင်မှာ နတ်မင်းကြီး Zeus ကို အမှုထမ်းရတယ်Circe ဆိုတဲ့ နတ်ဘုရားမကတော့
ဂရိဘုရင် Aeetes နဲ့ နတ်ဘုရားမ Hecate တို့ရဲ့သမီးဖြစ်ပြီး
အသက် 18 နှစ်ပြည့်တဲ့အချိန်မှာ ပညာသင်ကြားဖို့အတွက်
နေနတ်ဘုရား Helios ဆီကို စေလွှတ်ခြင်းခံခဲ့ရတယ်Zeus ရဲ့ကောင်းချီးပေးမှုကြောင့်
မွေးဖွားကတည်းက သဘာဝတရားရဲ့နတ်ဘုရားမအဖြစ်
ကြီးမားတဲ့အစွမ်းကို လက်ခံရမှာဖြစ်တဲ့ Circeဟာ
နောင်တစ်ချိန်မျိုးရိုးယှဥ်လာခံရနိုင်မှာကိုလည်း စိုးရိမ်ခဲ့ကြသည်လူသားမျိုးနွယ်စုရဲ့ သွေးပါနေတာကြောင့်
သူမကို နေနတ်ဘုရား Helios နဲ့ ပင်လယ်နတ်ဘုရားမ
Perse တို့ ဇနီးမောင်နှံက မွေးစားခဲ့တယ်သူမမှာ မွေးရာပါအစွမ်းတစ်ချို့ကတည်ရှိနေပြီးတော့
သဘာဝနတ်ဘုရားမအဖြစ် ချီးမြှောက်ခြင်းမခံရခင်မှာ
ဂရိစစ်သည်တော် Telemachus နဲ့
လက်ထက်ပေးဖို့ကိုလည်း စီစဥ်ခဲ့ကြသေးသည်Circe က လွတ်လပ်မှုကိုမြတ်နိုးတယ်
သူမဟာ အမြဲတမ်းဖခင်အရင်းဖြစ်သူကို လွမ်းဆွတ်နေပြီး
တွေ့ဖို့ခွင့်ပြုထားတဲ့ Olympus တောင်ခြေရဲ့ တောအုပ်ထဲမှာ
ဖခင် ဘုရင်နဲ့တွေ့ဖို့ တစ်ခါတစ်လေချိန်းဆိုလေ့ရှိတယ်တစ်နေ့ သူမရဲ့ဖခင်ဖြစ်သူ သေဆုံးသွားခဲ့တာကို
နတ်ဘုရားတွေက Circe မသိအောင် ဖုံးကွယ်ထားခဲ့ကြတယ်
![](https://img.wattpad.com/cover/268421350-288-k195202.jpg)
JE LEEST
Cruel Flowers ( Season 2) : Pains of My existence